အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၈ မတ် ၂၀၂၄

၁၃:၁၆:၄၉
1445362

အီရန် အမျိုးသမီးများ၏ တိုးတက်မှုက ကျွန်မ ကို အံ့အားသင့်စေပါတယ် / ဇင်ဘာဘွေဝန်ကြီး

ဇင်ဘာဘွေရှိ အမျိုးသမီးရေးရာဝန်ကြီးမှ အီရန်အမျိုးသမီးများ တိုးတက်မှုအတွက် အလွန်ပျော်ရွှင်မိကြောင်းနှင့် အမျိုးသမီးများအား စွမ်းဆောင်နိုင်စေရန်အတွက် အီရန်အစိုးရ၏ လုပ်ဆောင်ချက်များကို အံ့သြမိကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်း အထောက်အထားများအရ ဇင်ဘာဘွေ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးနှင့် လူမှုရေးနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဆိုင်ရာ ၀န်ကြီး မစ္စစ် Harmonica Astwangwa သည် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အမျိုးသမီးများ နှင့် မိသားစုရေးရာဆိုင်ရာ ဒုတိယ သမ္မတ အန်စီယေခေဇ်အလီ နှင့် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် တွေ့ဆုံခဲ့ကြပါတယ်။

အီရန်နိုင်ငံ ခရီးစဉ်အတွင်း အီရန်အစိုးရ၏ ပံ့ပိုးကူညီမှုနှင့် ဇင်ဘာဘွေပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများသည် နှစ်နိုင်ငံကြား ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို ခိုင်မာစေကြောင်း သူမ မှ ပြောကြားခဲ့ပါတယ်။

အီရန်နှင့် ဇင်ဘာဘွေတို့အပေါ် အနောက်နိုင်ငံအစိုးရများက တရားမျှတမှုမရှိသော တစ်ဖက်သတ်စီးပွားရေး ပိတ်ဆို့အရေးယူမှုများသည် အမျိုးသမီးများနှင့် မိန်းကလေးများကို ဖိအားများပေးနေသည်ဟု ဝန်ကြီး Harmonica Astwangwa က ပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံရှိ တက္ကသိုလ်များတွင် မိန်းကလေးများ အမြောက်အမြား ရှိကြောင်းနှစ်နိုင်ငံ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးသမိုင်းကြောင်းသည် နှစ်နိုင်ငံဆက်ဆံရေးကို နက်ရှိုင်းစေသည်ဟု အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ဒုတိယ သမ္မတ အန်စီယေခေဇ်အလီတွင် ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသရှိ အပြစ်မဲ့ပြည်သူများအပေါ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အဆုံးသတ်ရန် နှစ်ဖက်စလုံးက တောင်းဆိုခဲ့ပြီး ဂါဇာရှိ အမျိုးသမီးများ၏ အခြေအနေကို စိတ်ပျက်ဖွယ်အဖြစ် ဖော်ပြခဲ့ကြပါတယ်။

*************************************************************

END / 251