အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
အင်္ဂါနေ့

၁၉ မတ် ၂၀၂၄

၂၀:၂၅:၁၈
1445608

ရွှေပေါက်ကံမြို့သစ်တွင် နေ့စဥ် စစ်မှုထမ်းစာရင်းများကောက်

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် ရပ်ကွက်နဲ့ကျေးရွာတွေမှာ အုပ်ချုပ်ရေးအဖွဲ့တွေက နေ့စဥ် စစ်မှုထမ်းစာရင်းတွေ ကောက်ယူနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် ရပ်ကွက်နဲ့ကျေးရွာတွေမှာ အုပ်ချုပ်ရေးအဖွဲ့တွေက နေ့စဥ် စစ်မှုထမ်းစာရင်းတွေ ကောက်ယူနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရွှေပေါက်ကံမြို့ ၁၂ ရပ်ကွက်မှာ မတ် ၁၉ ရက် ဒီနေ့မနက်မှာ အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီး  တအိမ်တဆင်း စစ်မှုထမ်းစာရင်းတွေ ကောက်ယူနေတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“အသက် ၁၈ နှစ်ပြည့်ပြီးသားသူတွေကို ကောက်တာ၊ သန်ခေါင်းစာရင်းရှိတဲ့သူတွေကို အရင်ကောက်တာ။ စာရင်းကောက်ပြီး မဲနှိုက်မယ့်နေ့ကို ပြောမယ်လို့ပြောတယ်။”

ရွှေပေါက်ကံမြို့ ၁၅ ရပ်ကွက် စစ်ကိုင်းလမ်းမှာတော့ မတ် ၁၇ ရက်မှစတင်ကာ နေ့စဥ် စစ်မှုထမ်းစာရင်းတွေ ကောက်ယူပြီး နာမည်ထပ်နေသူတွေလည်းရှိတယ်လို့ ရပ်ကွက်‌နေသူတဦးက ပြောပါတယ်။

“ညီမတို့လမ်းထဲမှာ အစ်ကိုကြီးတယောက်ဆို ဟိုဘက်ရပ်ကွက်မှာလည်း စာရင်းပါတယ်၊ ဒီဘက်ရပ်ကွက်မှာလည်း စာရင်းပါလို့ အုပ်ချုပ်ရေးနဲ့ စကားများကြသေးတယ်။ ၄၄ ဦး စာရင်းကောက်တာ ၄ ဦးရွေးမှာ။”

ရွှေပေါက်ကံမြို့သစ် ဆင်ဖုံကျေးရွာမှာ စစ်မှုထမ်းမဲပေါက်သူဟာ ဇနီးဖြစ်သူသေဆုံးပြီး သုံးနှစ်အရွယ်သမီးလေးကို လုပ်ကိုင်ကျွေးနေသူ အမျိုးသားတဦးဖြစ်တယ်လို့ ကျေးရွာနေသူတဦးက ပြောပါတယ်။

“ဆင်ဖုံထဲမှာ မဲပေါက်သွားတာ၊ သူ့မိန်းမမရှိတော့ဘူး သူ့သမီးလေးက ၃ နှစ်ပဲရှိသေးတယ်၊ အဲ့လိုလူပေါက်သွားတာ။”

အာဏာသိမ်းစစ်ခေါင်းဆောင်က မဖြစ်မနေ စစ်မှုမထမ်းမနေရဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာပါ။

စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ပြည်တွင်၊ ပြည်ပရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအသီးသီးက ပုံစံအမျိုးမျိုးနဲ့ ကန့်ကွက်ခဲ့ကြပါတယ်။

****************************************************************
END / 251