အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
အင်္ဂါနေ့

၁၉ မတ် ၂၀၂၄

၂၀:၂၈:၄၆
1445611

ရက် ၂၀ ခန့်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူအယောက် ၂၀ သေဆုံး

မတ် ၁ ရက်ကနေ မတ် ၁၉ ရက် ဒီကနေ့အထိ ရက်ပေါင်း ၂၀ နီးပါး ကာလအတွင်း စစ်ကောင်စီတပ်တွေ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်း ပြည်သူအယောက် ၂၀ သေဆုံးခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် သေဆုံးသူ သုံးဦး ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မတ် ၁ ရက်ကနေ မတ် ၁၉ ရက် ဒီကနေ့အထိ ရက်ပေါင်း ၂၀ နီးပါး ကာလအတွင်း စစ်ကောင်စီတပ်တွေ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်း ပြည်သူအယောက် ၂၀ သေဆုံးခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် သေဆုံးသူ သုံးဦး ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၁၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က အကြမ်းဖက် စစ်အုပ်စုတပ်ဖွဲ့နဲ့ ပျူစောထီး ပူးပေါင်းတပ်တွေ အခြေစိုက်တဲ့ ဆည်တော်ဦးကျေးရွာနဲ့ ကျောင်းတိုက်ကျေးရွာကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းတိုက်ကျေးရွာ ဒေသခံတွေဖြစ်ကြတဲ့ မမိစုဝေ၊ မနွယ်နှင်းစိုး၊ ဒေါ်မဝင်း၊ ဒေါ်မဝိုင်း၊ ဦးမောင်နိုင်၊ ဦးထွန်းဝေ၊ ဦးမည်း၊ အသက် ၉ နှစ်အရွယ် မရွှေကြုတ်နဲ့ အသက် ၁၃ နှစ်အရွယ် သျှီသျှား တို့မှာ ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်တပ် အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ အယောက် ၄,၇၃၀ နီးပါးထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၁၁၉ ဦး လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၈,၈၄၂ ဦးကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်းကတော့ ၁၂၃ ဦး ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ဦး အပါအဝင် ၁၁၉ ဦးကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၆ ဦး ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၆,၁၃၂ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။


****************************************************************
END / 251