အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၀ မတ် ၂၀၂၄

၂၀:၂၈:၄၁
1445803

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ

« ထုတ်လုပ်မှု တွင် အရှိန်အဟုန်ဖြင့် တိုးတက်ရန် ပြည်သူများ ပါဝင် ခြင်း » ဆိုသည့် ဆောင်ပုဒ် အား ဤအီရန် နှစ်သစ် ၁၄၀၃ ခုနှစ် အတွက် သတ်မှတ် ပေး

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ်အလီ ခါမေနာအီ မှ ယခုနှစ် အီရန် နှစ်သစ် ၁၄၀၃ ခုနှစ် နောင်ရိုဇ် မိန့်ခွန်း တွင် « ထုတ်လုပ်မှု တွင် အရှိန်အဟုန်ဖြင့် တိုးတက်ရန် ပြည်သူများ ပါဝင် ခြင်း » ဆိုသည့် ဆောင်ပုဒ် အား သတ်မှတ် ပေးခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ်အလီ ခါမေနာအီ  မှ နှစ်စဉ်နှစ်တိုင်း ကဲ့သို့ပင် နိုင်ငံတွင်းနှင့် နိုင်ငံတကာအခြေအနေများနှင့် အဖြစ်အပျက်များကို နောင်ရိုဇ်  သို့မဟုတ် အီရန် နှစ်သစ် အစအခါသမယတွင် မိန့်ခွန်းပြောကြားခဲ့ပြီး ယခုနှစ် အီရန် နှစ်သစ်  ၁၄၀၃ ခုနှစ်  နောင်ရိုဇ် မိန့်ခွန်း တွင် «  ထုတ်လုပ်မှု တွင် အရှိန်အဟုန်ဖြင့် တိုးတက်ရန် ပြည်သူများ ပါဝင် ခြင်း » ဆိုသည့် ဆောင်ပုဒ် အား သတ်မှတ် ပေးခဲ့ပါတယ်။

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ  အီရန်နှစ်သစ် ၁၄၀၃ ခုနှစ် အား ဒိုအာ တောင်းခြင်း နှင့် အတူ အာဇာနည် များ ကို အစ်တဖန်ပြန်လည် ၍ သတိရ ရန် တိုက်တွန်း မိန့်ကြားပြီး နှစ်သစ် အတွက် မိုဘာရတ်က်  ဟု မိန့်ကြားခဲ့ပါတယ်။ ပြီးနောက် ဤနှစ် လမြတ် ရမ်တွာန် သည် နှလုံးသားဆိုင်ရာ နွေဦး နှင့် နာမ်ပိုင်းဆိုင်ရာ‌နွေဦး နှင့်အတူ ရောက်ရှိလာကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဤအချိန်တွင်အဆုံးသတ်မည့် အီရန် သက္ကရာဇ် ၁၄၀၂ ခုနှစ် ကိုကြည့်ရန်  အလားတူပင် ကျွန်ုပ်တို့ ဝင်ရောက်လာ သည့်နှစ် သစ် ၁၄၀၃ ခုနှစ် ကိုလည်း ကြည့်ရန် ၁၄၀၂ ခုနှစ်သည် အခြားသောနှစ်များကဲ့သို့ပင် ချိုမြိန်မှု၊ ခါးသီးမှု၊ နှစ်လိုဖွယ်ကောင်းသော၊ မလိုလားအပ်သော အရာများနှင့် ပြည့်နှက်နေ ကြောင်း ဤအချက်မှာ လောက နှင့် ဘဝ အတွက် သဘာဝ ဖြစ်ကြောင်း နိုင်ငံ၏ ပြည်တွင်း အခြေအနေ ကို ကြည့်ပါက နိုင်ငံတစ်ဝှမ်းရှိ သိပ္ပံ၊ နည်းပညာနှင့် အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းများတွင် ကြီးစွာသော တိုးတက်မှုများ ရရှိခဲ့ပြီး ယင်းသည် ချိုမြိန်သည့် အကြောင်းအရာများ ဖြစ်ကြောင်း အခြားတစ်ဖက်တွင်မူ ပြည်သူများ၏ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ ပြဿနာများသည် ခါးသီး သည့် အကြောင်းများ ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ကွဒ်စ်နေ့ နှင့် ဈဲဟ်မန် ၂၂ နေ့ တက်ပွဲများတွင် ကြီးစွာသော လူထုပါဝင်မှု ၊ ဤဆန္ဒပြပွဲကြီးများ၏ ငြိမ်းချမ်းသော အပြုအမူ၊ နှစ်ကုန်တွင် ငြိမ်းချမ်းပြီး ပွင့်လင်းသော ရွေးကောက်ပွဲ ကျင်းပခြင်းနှင့် အခြားသော အခမ်းအနားများတွင် လူအများ လာရောက်ကြခြင်း ၊ ပြီးခဲ့သည့် ၁၄၀၂ ခုနှစ် ၏ နှစ်လိုဖွယ်  အရာများ ဖြစ်ကြောင်း ဆက်လက်မိန့်ဆို ခဲ့ပါတယ်။

ပြီးနောက် ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ ကေရ်မန် ရှိ ရှဟီးဒ် စိုလိုင်းမန်နီ  ၏ နှစ်ပတ်လည်နေ့ တွင် အကြမ်းဖက် သမားများ ၏  ဗုံးပေါက်ခဲ့သည့် ခါးသီးသည် ဖြစ်ရပ် ၊ ၁၄၀၂ ခုနှစ် ကုန်ပိုင်းတွင် ဘာလူချီစတန် တွင်ရေကြီး မှု လုံခြုံရေးဝန်ထမ်းများနှင့် လုံခြုံရေးအစောင့်များအတွက် ဖြစ်ပွားခဲ့ ဖြစ်ရပ်များ သည် ခါးသီးသည် ဖြစ်ရပ်များ ဖြစ်ကြောင်း အခါးသီးဆုံးကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံတကာ ပြဿနာတွေထဲက တစ်ခုဖြစ်တဲ့ ဂါဇာ ဖြစ်ရပ် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ပြီးနောက် နိုင်ငံခြားရေး ကိစ္စတွေနဲ့ ပတ်သက်လာရင်၊ စီးပွားရေးနဲ့ နိုင်ငံရေး နယ်ပယ်အသီးသီးမှာ အစိုးရရဲ့ နိုင်ငံတကာ လှုပ်ရှားမှုများသည် သတင်းချိုမြိန်ပြီး လိုချင်သည့်  ဖြစ်ရပ်များ ၏  တစ်စိတ်တစ်ပိုင်းဖြစ် ကြောင်း မိမိ တင်ပြထားတဲ့ ဂါဇာ ဖြစ်ရပ်ဟာ အခါးသီးဆုံး ဖြစ်ရပ်တွေ ဖြစ်ပြီး မိမိတို့၏  နိုင်ငံခြားရေး ကိစ္စများ ၊ ပြဿနာများ တွင် အခါးသီးဆုံး အဖြစ်အပျက်ဖြစ်ကြောင်း ခါးသီးမှုများ အစား ပြန်ပေးရန် အီရန်နိုင်ငံနှင့် မွတ်စလင်မ် နိုင်ငံများအတွက် ချိုမြိန်မှုကို ဆက်လက်လုပ်ဆောင်ရန် နှင့် အစ္စလာမ် လူထု နှင့် အီရန် လူထု အတွက် ကောင်းချီးမင်္ဂလာများကို ပေးအပ်ရန် အနန္တတန်ခိုးရှင် အလ္လာဟ် ဟို အရှင်မြတ် ထံ ဒိုအာ ပြု ကြောင်း မိန့်ဆို ခဲ့ပါတယ်။

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ်အလီ ခါမေနာအီ  မှ မိမိ၏ မိန့်ခွန်း အဆူံးတွင်  မိမိအနေဖြင့် အနန္တတန်ခိုးရှင် အလ္လာဟ် ဟို အရှင်မြတ် ထံ ကြီးမား ချစ်လင်ရသည့် အီရန်လူမျိုး များ၏ စွမ်းအားများ အတွက် ဒိုအာ ပြုကြောင်း ဟဇရသ် ဗကီးယသိုလ်လ္လာဟ်  (အ.ဂျ) (ခ) အေမာမ်ဇာန်း (အ.ဂျ) ထံ တွင် ကျိုးနွံ စွာဖြင့် စလာမ် ဆက်သကြောင်း အနန္တတန်ခိုးရှင် အလ္လာဟ် ဟို အရှင်မြတ် ထံ လူသား တစ်ရပ်လုံး၏ အခက်အခဲများ ကို ဖြေရှင်ပေးမည့် သခင်ကြီး အေမာမ်ဇမာန်း (အ.ဂျ) အမြန် ဇဟူးရ် ဖြစ်ရန် ဒိုအာ ပြုကြောင်း မိန့်ကြားခဲ့ပါတယ်။

****************************************************************

END / 251