အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
သောကြာနေ့

၂၂ မတ် ၂၀၂၄

၂၀:၂၄:၂၇
1446185

နမ့်ဖတ်ကာတွင် အမျိုးသား ၁ ဦး စစ်ကျန်မိုင်း ကောက်ယူဖြုတ်ကြည့်ရာမှ ပေါက်ကွဲပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာမှာ မတ် ၂၁ ရက် မွန်းလွဲ ၂ နာရီလောက်က အမျိုးသားတဦး စစ်ကျန်လက်နက်ကျည် ကောက်ယူဖြုတ်ကြည့်ရာမှ ပေါက်ကွဲပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။



ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာမှာ မတ် ၂၁ ရက် မွန်းလွဲ ၂ နာရီလောက်က အမျိုးသားတဦး စစ်ကျန်လက်နက်ကျည် ကောက်ယူဖြုတ်ကြည့်ရာမှ ပေါက်ကွဲပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

“နမ့်ဖတ်ကာ သာယာကုန်းက တရုတ်အမျိုးသား။ မနေ့ညနေက မိုင်းတလုံးကောက်ရလို့ အဲဒီအထဲက ယမ်းတွေ ထုတ်ယူမယ်ဆိုပြီး ထုလိုက်တာ ပေါက်ကွဲလာပြီးတော့ သေသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသွားသူဟာ နမ့်ဖတ်ကာ ရပ်ကွက် ၂ မှာနေထိုင်တဲ့ အသက် ၆၀ အရွယ် တရုတ်အမျိုးသား ဦးရန်လိန် ဆိုသူ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူဖြုတ်နေတဲ့ လက်နက်ကြီးရဲ့ အကိုင်းအစတောင် ကိုင်‌ထားနေသေးတယ်။ ကြည့်ရတာ ကြောက်စရာကြီး။ ပါးစပ်ရော မျက်နှာရော ပေါက်ထွက်သွားတယ်။ သေစေနိုင်တာ မသိဘူးလားမသိဘူး အဲလူက” လို့  ဒေသခံ နောက်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ အသုံးများတဲ့ ၄၀ မမ ရိုင်ဖယ် ပြောင်းထိပ်ဝတပ် လက်နက်ကျည်လို့ ယူဆရပြီး အဲဒီလက်နက်ကျည် ထုရိုက်ဖြုတ်ရာက ပေါက်ကွဲလာတာကြောင့် သေဆုံးသွားတာလို့ ဆိုပါတယ်။

စစ်ကျန်လက်နက်ပစ္စည်းတွေ တွေ့ရှိပါက ကောက်ယူ ကိုင်တွယ်တာတွေ မလုပ်ဘဲ သက်ဆိုင်ရာ ဒေသတာဝန်ရှိတွေကို အသိပေး အကြောင်းကြားသင့်တယ်လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

နမ့်ဖက်ကာအခြေစိုက် ခလရ-၁၂၃ စစ်ကောင်စီတပ်စခန်းကြီးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်း မဟာမိတ်တပ်ဖွဲ့‌တွေက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။