အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
စနေနေ့

၂၃ မတ် ၂၀၂၄

၂၀:၂၆:၀၂
1446353

ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို ရန်ကုန်ပကဖတိုက်ခိုက်၊ ဗိုလ်မှူးကြီးအပါအဝင် ၂၀ သေဆုံး

ရန်ကုန်ပြည်လမ်း ကုန်းမြင့်သာရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ်ဝင်းထဲက စစ်​ကောင်စီအရာရှိကြီးတွေ ​ဂေါက်သီးရိုက်ကစား​နေတဲ့ ဂေါက်ကွင်းနေရာကို မတ် ၂၂ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့) ဆီက သိရပါတယ်။

    
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်ပြည်လမ်း ကုန်းမြင့်သာရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ်ဝင်းထဲက   စစ်​ကောင်စီအရာရှိကြီးတွေ  ​ဂေါက်သီးရိုက်ကစား​နေတဲ့ ဂေါက်ကွင်းနေရာကို မတ် ၂၂ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့) ဆီက သိရပါတယ်။

အဲဒီတိုင်းစစ်ဌာနချုပ်ကို စစ်​​ကောင်စီရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေလာဖို့ရှိကြောင်း  သတင်းရတာကြောင့် တိုက်ခိုက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှု​ကြောင့်   ဗိုလ်မှူးကြီး ၁ ယောက် အပါအဝင် ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ တပ်ကြပ်ကြီး၊ ရဲ​ဘော်၊ စည်ပင်ဝန်ထမ်း  စုစုပေါင်း အယောက် ၂၀ လောက်သေဆုံးသွားပြီး  ဗိုလ်မှူး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရန်ကုန်ပကဖ(အထူးတပ်ဖွဲ့)ဆီက သိရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဝင်းထဲက ဆက်သွယ်ရေး အဆောက်အဦတခု မီးလောင်ပျက်စီးပြီး၊  နားနေဆောင် ကင်းတဲထဲမှာ ချန်ရစ်ထားခဲ့တဲ့ လက်နက်နဲ့ကျည်တွေပါ မိုင်းပေါက်ကွဲမှုကြောင့် မီးလောင်သွားကြောင်း၊ ဂျန်နရေတာတလုံးလည်းမီးလောင်ပြီး ရန်ကုန်တိုင်းခန်းမဆောင်အမိုးပျက်စီးကြောင်း ရန်ကုန်ပကဖ(အထူးတပ်ဖွဲ့)ဆီကသိရပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။


****************************************************************
END / 251