အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၃ မတ် ၂၀၂၄

၂၀:၂၈:၁၇
1446356

ဂါဇာစစ်ပွဲတွင် ရှဟီးဒ် ဖြစ်သည့် သတင်းထောက် ဦးရေ ၁၃၆ ဦးအထိ ရောက်ရှိ

ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲစတင်ကတည်းက သတင်းထောက် ၁၃၆ ဦး ရှဟီးဒ် (အာဇာနည်) ဖြစ်သွား ခဲ့ပြီး ဖြစ် ကြောင်း ပါလက်စတိုင်း သတင်းရင်းမြစ်များက ဖော်ပြထားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher သတင်းဌာန၏ သတင်း အထောက်အထား များ အဆိုအရ ဂါဇာကမ်းမြှောင်ရှိ ပါလက်စတိုင်းအစိုးရ၏ ပြန်ကြားရေးရုံးက နယ်ချဲ့ ဇီယွန်ဝါဒီ အစ္စရေး စစ်တပ်၏ တိုက်ခိုက်မှုတွင် နောက်ထပ်သတင်းထောက် ၃ ဦး ကျဆုံးသွားကြောင်း ဖော်ပြထားသည် ကို သိရှိရပါတယ်။

အစီရင်ခံစာအရ ဂါဇာအရှေ့တောင်ဘက်ရှိအလ်ကဝါအီ ရင်ပြင်တွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ မိုဟမ္မဒ် အလ်ရိုင်ဖီ သည် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ထို့အပြင် ဂါဇာကမ်းမြှောင်ရှိ အလ်ဘရီးဂျ် စခန်းအား ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဗ်ဒိုရ်ရဟ်မာန် ဆိုက်ယေမဟ် သည် အသက်ဆုံးရှုံးခဲ့ရပါတယ်။

အခြားတစ်ဖက်တွင် ကွတ်ဒ်စ်((ဂျေရုဆလင်)  ရုပ်သံလိုင်း၏ ကျောက်ဆူး ပုဂ္ဂိုလ်နှင့်ဘာသာရေး အစီ အစဉ် စီစဉ်သူ မိုဟမ္မဒ် အေမာဒ် အီစာ သည်ဂါဇာကိုဗုံးခွဲမှုကြောင့်သူ၏မိသားစုနှင့်အတူသေဆုံးသွားခဲ့ရပါတယ်။

အဆိုပါ ဂျာနယ်လစ် ၃ ဦး၏ ရှဟီးဒ် (အာဇာနည်များ)  နှင့်အတူ ဂါဇာကမ်းမြောင်ဒေသတွင် စစ်ပွဲ စတင် ကတည်းက သေဆုံး ခဲ့ရသည့် ဂျာနယ်လစ်နှင့် မီဒီယာလုပ်သား အရေ အတွက်မှာ ၁၃၆ ဦးအထိ ရှိလာပြီ ဖြစ် ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251