အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၇ မတ် ၂၀၂၄

၁၈:၃၀:၃၄
1447246

ရှီအဟ်အာလင်မ် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် အလာမဟ် ရာဂျာ နာစေရ် အပါအဝင် ကိုယ်စားလှယ်လောင်း ၇ ဦးသည် ပါကစ္စတန် နိုင်ငံ ပန်ဂျပ်ပြည်နယ် အထက်လွတ်တော်တွင် အနိုင်ရရှိ

မွတ်စလင်မ် အဖွဲ့ချုပ် မှ ကိုယ်စားလှယ်လောင်း ၅ ဦးနှင့် စွန်နီ အစ်သေဟာဒ် ကောင်စီ မှ ကိုယ်စားလှယ်လောင်း ၂ ဦးတို့က အထွေထွေ အမတ်နေရာများတွင် ကန့်ကွက်ခြင်းမရှိဘဲ အနိုင်ရခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်း အထောက်အထား များ အရ ပါကစ္စတန်ပြည်နယ် အထက်လွတ်တော် အထွေထွေ အမတ်နေရာ ၇ နေရာအတွက် ကိုယ်စားလှယ်လောင်း ၁၂ ဦးအနက် ၅ ဦးမှ နုတ်ထွက်ပြီးနောက် စွန်နီ ညီညွတ်ရေးကောင်စီမှ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှီအဟ်အာလင်မ် အလာမဟ် ရာဂျာ နာစေရ်  အဘာစ် ၊  ဟာမစ်ဒ် ခန်း တရား လွတ်တော်ရှေ့နေ နှင့် မွတ်စလင်မ် အဖွဲ့ချုပ် မှ အဟဒ် ကြည်းမဟ်၊ ပရ်ဝေဇ် ရရှီးဒ် ၊ နာစေမဲဟ်မူဒ် သွာလာလ် ကြောင်ဒရီ   နှင့် အလားတူ အာဏာရ ညွန့်ပေါင်းအဖွဲ့မှ ထောက်ခံသော မော်စင် နကဝီ တို့သည်လည်း ကန့်ကွက် မှုမရှိဘဲ အနိုင်ရခဲ့ ကြောင်း သိရှိခဲ့ရပါတယ်။

ကိုယ်စားလှယ်လောင်း ဝဟီးဒ် အစ်က်ဘာလ် ၊ ရှဲဟ်ဇာဒ် ဝစီးမ် ၊ အေဂျာဇ် မင်န်ဟာစ် ၊ မစ်ဒတ်က် မလစ်က် နှင့် အိုမရ် ကြည်းမဟ် တို့သည် ၎င်းတို့၏ အမည်စာရင်းတင်သွင်းလွှာများကို ရုပ်သိမ်းခဲ့ပြီး အထွေထွေအမတ်နေရာ ၇ နေရာအတွက် ကိုယ်စားလှယ်လောင်း ၇ ဦးသာ ကျန်ရှိခဲ့ပါတယ်။

တစ်ဖက်တွင်မူ အထက်လွတ်တော်ရွေးကောက်ပွဲကာလအတွင်း ဘာလူချီစတန်  တွင် ဆန့်ကျင်မှုမရှိသော အထက်လွှတ်တော်အမတ်များကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

ရင်းမြစ်များ အဆိုအရ လွှတ်တော်အမတ်များ၏ ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၁ နေရာ၊ ပြည်သူ့ပါတီနှင့် မွတ်စလင်မ် အဖွဲ့ချုပ် ​​တို့က ၃ နေရာစီ ရနိုင်ခြေရှိသည့် နိုင်ငံရေးပါတီများကြားတွင် မဲခွဲဆုံးဖြတ်ရန် ဖြစ်နိုင် ခြေရှိကြောင်း သိရှိရပါတယ်။

အလားတူ ဂျမ်အီယသ် အိုလမာအေ အစ္စလာမ် သည် ထိုင်ခုံ ၂ နေရာ ရရှိမည်ဖြစ်ပြီး ဘာလူချီစတန် ပြည်သူ့ ပါတီ နေရှင်နယ် ပါတီ တို့မှလည်း  တစ်နေရာစီ ရရှိမည်ဖြစ်ပါတယ်။

ဘာလူဂျီစတန်  တွင် လစ်လပ်သော အထက်လွတ်တော် ၁၁ နေရာအတွက် ရွေးကောက်ပွဲကို ဧပြီလ ၂ ရက်နေ့ တွင် ကျင်းပမည်ဖြစ်ကြောင်း သတိပြုရမည် ဖြစ်ပါတယ်။

****************************************************************

END / 251