အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
ဗုဒ္ဓဟူးနေ့

၂၇ မတ် ၂၀၂၄

၂၀:၂၉:၂၇
1447266

တော်လှန်ရေးနေ့ ရန်ကုန်မြို့တွင် စစ်ကားအများအပြားဖြင့် လုံခြုံရေးတင်းကျပ်

မတ် ၂၇ ရက် တော်လှန်ရေးနေ့ ရန်ကုန်မြို့မှာ စစ်ကောင်စီက စစ်ကားတွေအများအပြားနဲ့ လုံခြုံရေး ကင်းလှည့်တာ‌တွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ




မတ် ၂၇ ရက် တော်လှန်ရေးနေ့ ရန်ကုန်မြို့မှာ စစ်ကောင်စီက စစ်ကားတွေအများအပြားနဲ့ လုံခြုံရေး ကင်းလှည့်တာ‌တွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေဟာ ရန်ကုန်မြို့တွင်းကို လုံခြုံရေးကင်းလှည့်တာပုံမှန်ဆိုပေမယ့် ဒီနေ့မှာတော့ စစ်ကားအများအပြားနဲ့ လုံခြုံရေးကင်းလှည့်တာတွေ ပိုမိုလုပ်ဆောင်ခဲ့ပြီး လမ်းသွားလမ်းလာ ပြည်သူတွေကိုလည်း အိတ်တွေ ဖွင့်ဖောက်စစ်ဆေးတာတွေပါ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

“ဒီနေ့က ရပ်ကွက်အတွင်းပိုင်းတွေ သိပ်မလာဘူး။ မြို့ထဲလမ်းပိုင်း‌တွေမှာပဲ ပတ်နေကြတာ။ ဘန်ကာတွေနဲ့ ဌာနဆိုင်ရာတွေက လုံခြုံရေးယူထားတဲ့ သူတွေကလည်း အသင့်အနေအထားတွေ တွေ့ရတယ်” လို့ ရန်ကုန်မြို့တွင်း သွားလာခဲ့သူတယောက်က ပြောပါတယ်။

ဒီလို စစ်ကားအများအပြားနဲ့ လုံခြုံရေးကင်းလှည့်နေကြပေမယ့် တချို့ ကားတွေပေါ်မှာ ကားတစီးကို စစ်သားလေးယောက်ပြည့်အောင်တောင်မပါဘဲ ရဲတွေစီးလေ့ရှိတဲ့ Faw ကားတွေပေါ်မှာလည်း ရဲအင်အား ၄ ယောက်လောက်သာ ပါတယ်လို့ သိရပါတယ်။

ဦးဝိစာရလမ်းနဲ့ ဓမ္မစေတီလမ်းထောင့်မှာရှိတဲ့ တော်လှန်ရေးပန်းခြံအနီးမှာတော့ စစ်ကောင်စီတပ်တွေ အဓိကလုံခြုံရေးတင်းကျပ်ထားတာဖြစ်ပြီး လှည်းတန်း၊ မြေနီကုန်းတံတားအောက်၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း စတဲ့နေရာတွေမှာတော့ ကားတွေ အများအပြားနဲ့ လှည့်လည်နေကြတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ဒီနေ့မှာ ကျရောက်တဲ့ ၇၉ နှစ်မြောက်တော်လှန်ရေးနေ့ကို ရာသီဥတုဆိုးတဲ့ အကြောင်းပြချက်နဲ့ ညနေပိုင်း ကျင်းပမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။


****************************************************************
END / 251