အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၃၁ မတ် ၂၀၂၄

၁၉:၀၄:၁၉
1448080

အီရန် အစိုးရစနစ်သည် ကမ္ဘာပေါ်ရှိ ဘာသာရေးဒီမိုကရေစီ၏ လက်တွေ့ကျသော စံနမူနာဖြစ် ပါတယ် / အီရန် ကာကွယ်ရေး ဝန်ကြီးဌာန

အီရန်ကာကွယ်ရေးဝန်ကြီးဌာန မှ အီရန်နိုင်ငံ၌ ဒီမိုကရေစီနှင့် အစ္စလာမ်မစ် အစိုးရ ၏ နေရောင်ခြည်သည် အီရန်နီ လ ဖရ်ဝဒီးန် ၁၂ ရက်နေ့ တွင် ထွန်းကားလာသည်ဟု အီရန် အစ္စလာမ် ပြည်သု့ သမ္မတ နိုင်ငံ နေ့ အခမ်းအနား တွင် ပြောကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ အဆိုအရ အီရန်ကာကွယ်ရေး ဝန်ကြီးဌာန မှ အီရန်နီ လ ဖရ်ဝဒီးန် ၁၂ ရက်နေ့ သည် အမှန်တရားကို ရှာဖွေနေသူများအတွက် နိုင်ငံတွင်းရှိ အစ္စလမ္မစ်နိုင်ငံတော်၏ ဒီမိုကရေစီနှင့် အစ္စလမ်မစ် ပြည်သူ့ သမ္မတတော်နေ့ ဖြစ်သည် ဟု ကြေငြာချက်တွင် ဖော်ပြထားပါတယ်။  ပြီးနောက် အာဏာရှင် စနစ် ကို တော်လှန်သူများ အတွက် ပျော်ရွှင် စရာနေ့ တစ်နေ့ လည်း ဖြစ်ကြောင်း သိရပါတယ်။

အေမာမ် ခိုမေနီ (ရ.ဟ) ၏ ဦးဆောင်မှုအောက်တွင် အီရန်ပြည်သူများသည် ရက်စက်ကြမ်းကြုတ်မှုများနှင့် မတရားမှုများ ပြည့်နှက်နေသည့် ကမ္ဘာကြီးတွင် တော်လှန်ရေးကို ဖန်တီးခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ အာဏာရှင် စနစ် အစီအစဉ်များကို ပျက်ပြယ်စေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

၄၅ နှစ်ကြာ ဖြတ်သန်းလာခဲ့သော်လည်း ယနေ့တွင် ဤစနစ်သည် ခုခံမှုနှင့် တိုးတက်မှုများဖြင့် ရပ်တည် နေကြောင်း သိရှိရပါတယ်။ ယနေ့ခေတ်တွင် ကမ္ဘာပေါ်ရှိ လေ့လာသူနှင့် တွေးခေါ်ရှင်အများစုက အရင်းရှင် စနစ်၏ အဆုံးသတ်နှင့် အစ္စလာမ့်ကမ္ဘာတွင် ပါဝါအသစ်တစ်ခု ပေါ်ပေါက်လာမည်ဟု ခန့်မှန်း နေကြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ အာဏာရှင် စနစ်၏  ကျယ်ကျယ်ပြန့်ပြန့် မမျှတသော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထား သော်လည်း အစ္စလာမ်မစ် စနစ်အောက်တွင် အီရန်နိုင်ငံသည် နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် ပညာရေး နယ်ပယ်များတွင် သိသာထင်ရှားသော တိုးတက်မှုကို ရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ယခုနှစ်တွင် ရဲဟ်ဗရ် အသ်န်ကေလာဗ် အစ္စလာမ်မီ ၏ ဆောင်ပုဒ်ဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်မှုခရီးကို စတင်နိုင်မည်ဖြစ်ပါတယ်။

ယနေ့အခါသမယတွင် ကာကွယ်ရေး ဝန်ကြီးဌာနသည် နိုင်ငံတော်နှင့် နိုင်ငံလုံးဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်ရန် နိုင်ငံနှင့် နိုင်ငံတကာအဆင့်တွင် ပိုမိုအားကောင်း ခိုင်မာလာစေရန် နိုင်ငံတွင်းနှင့် နိုင်ငံလုံးဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် နိုင်ငံတွင်းရှိ အခြားသော အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် တာဝန်ရှိသည်ဟု ယူဆကြောင်း တင်ပြထားပါတယ်။

****************************************************************

END / 251