အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
တနင်္လာနေ့

၁ ဧပြီ ၂၀၂၄

၂၀:၂၁:၁၈
1448268

မြင်းခြံတွင် ပျူစောထီးစခန်းကို PDF တိုက်ခိုက်၊ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းမိ

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ သဲဖြူဝကျေးရွာအုပ်စု၊ ကျောင်းကုန်းရွာပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူတဦးသေဆုံးကာ သေနတ်တလက်လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။




မန္တလေးတိုင်း၊ မြင်းခြံမြို့၊ သဲဖြူဝကျေးရွာအုပ်စု၊ ကျောင်းကုန်းရွာပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူတဦးသေဆုံးကာ သေနတ်တလက်လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ဧပြီ ၁ ရက် မနက် ၅ နာရီလောက်မှာ တော်လှန်ရေးပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ပျူစခန်းကို ဝင်ရောက်တိုက်ခဲ့တာလို့ ဆိုပါတယ်။

Anyar Federal Task Force တပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက “စစ်သားနှစ်ယောက်နဲ့ ရဲသုံးယောက်လောက်က ခေါင်းဆောင်ပြီး ပျူစောထီးတွေနဲ့ ပျူစခန်းဖွင့်ထားတာ။ ကျနော်တို့ ဝင်ပစ်တော့ သူတို့ဘက်က သုံးလေးချက်ပစ်ပြီး ပြေးတာ။ စခန်းကို မီးရှို့ခဲ့တယ်” လို့ DVB ကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် ၁၀ မိနစ်လောက်သာ ကြာမြင့်ခဲ့ပြီး စခန်းအတွင်းမှ ဂစ်တာတလုံး၊ ၉ လုံး ဂန်းတလက်၊ ၉ လုံးကျည် ၇၆ တောင့်၊ ကျည်ကာတခု၊ ဖုန်းနှစ်လုံး၊ နာရီတလုံး၊ လေးခွတလက်၊ ဂျင်ကလိ ၁၀ ချောင်း၊ ချိန်းကြိုးတချောင်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အခုတိုက်ခိုက်မှုကို Anyar Federal Task Force (AFTF) အဖွဲ့နဲ့အတူ မိုရှေဒါယန် ပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၈၊ အမေ့လက်ရုံး ပြောက်ကျားတပ်ဖွဲ့ Justice Warriors Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။