အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁ ဧပြီ ၂၀၂၄

၂၀:၂၇:၅၉
1448271

ဆီးရီးယား နိုင်ငံ မြို့တော်တွင် နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုးရ၏ လူမဆန်သည့်လေကြောင်း တိုက်ခိုက် မှုကြောင့် ဗိုလ်မှူး ချုပ် « မိုဟမ္မဒ် ရေဇာ ဇါဟေဒီ ဖရ် » ရှဟီးဒ် ဖြစ်

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ကွတ်ဒ်စ် တပ်မတော်၏ ဗိုလ် ချုပ် များ မှ တစ်ဦးဖြစ်သူ « မိုဟမ္မဒ် ရေဇာ ဇါဟေဒီ ဖရ် »သည် ဆီးရီးယား နိုင်ငံ မြို့တော်တွင် နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုးရ၏ လူမဆန်သည့် လေ ကြောင်း တိုက်ခိုက်မှုကြောင့် ရှဟီးဒ် ဖြစ်သွားကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ် မြို့ ရှိ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ကောင်စစ်ဝန် အဆောက် အအုံအား နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီ အစိုးရ ၏ လေကြောင်း တိုက်ခိုက်မှု တွင် ဗိုလ်မှူးချုပ်«   မိုဟမ္မဒ် ရေဇာ ဇါဟေဒီ ဖရ် » သည် ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။

ဆီးရီးယား နှင့် လက်ဘနွန်ရှိ  အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်မတော် နှင့် ကွတ်ဒ်စ် တပ်မတော် ၏ ဗိုလ်မှူးချုပ်«   မိုဟမ္မဒ် ရေဇာ ဇါဟေဒီ ဖရ် »သည် ဒမတ်စကတ်ကို ဇီယွန်ဝါဒီအစိုးရ၏ လေကြောင်း တိုက်ခိုက်မှုတွင် ရှဟီးဒ် ဖြစ်သွားပြီဖြစ်ကြောင်း လက်ဘနွန်အခြေစိုက် အလ်မယာဒီးန်   သတင်းဌာန တစ်ခု မှ ကြေညာခဲ့ပါတယ်။

ဗိုလ်မှူးချုပ် «   မိုဟမ္မဒ် ရေဇာ ဇါဟေဒီ ဖရ် »၏  ရှဟာဒသ် သတင်း (အာဇာနည်သတင်း) ကို အတည်ပြုပြီး ဆီးရီးယားရှိ အခြားသော အီရန်စစ်တပ်အကြံပေး ခြောက်ဦးလည်း  ရှဟီးဒ် ဖြစ်ခဲ့ကြောင်း ၎င်း သတင်း အား  အစ္စလာမ်မစ် တော်လှန်ရေး  အစောင့်တပ်မတော်  (ခ) IRGC ၏ ပြည်သူ့ဆက်ဆံရေး ဌာန မှ ကြေညာချက်ကို လည်း ထုတ်ပြန်ခဲ့ပါတယ်။

ဗိုလ်မှူးချုပ်«   မိုဟမ္မဒ် ရေဇာ ဇါဟေဒီ ဖရ် » သည်  အစ္စလာမ်မစ် တော်လှန်ရေး  အစောင့်တပ်မတော်  (ခ) IRGC IRGC ၏ မြေပြင် တပ်ဖွဲ့မှူး  ၊ လက်ထောက်စစ်ဆင်ရေးမှူး၊  လေတပ်မှူးနှင့် စရိုလ္လာဟ်အမည် ရှိ စခန်း၏ စခန်းမှူး စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

လွန်ခဲ့သည့် နာရီပိုင်းအတွင်းက အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ  ကောင်စစ်ဝန်ရုံးနှင့် ဒမတ်စကတ်မြို့ရှိ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ သံအမတ် နေအိမ်တို့ကို အစ္စရေး လေကြောင်းမှ တိုက်ခိုက်မှုကို တိုက်ခိုက် ပြုလုပ်ခဲ့ကြောင်း  ထိုတိုက်ခိုက်ခဲ့ မှုကြောင့်  လူခုနစ်ဦး သေဆုံးခဲ့ကြောင်း မှတ်သား ထိုက်ပါတယ်။

****************************************************************

END / 251