အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
တနင်္လာနေ့

၁ ဧပြီ ၂၀၂၄

၂၀:၃၀:၁၉
1448272

စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်ချင်သည့် မိသားစုများကို ကလေးခရိုင် ပကဖ ကူညီမည်

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် အခက်အခဲကြုံနေကြတဲ့ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်အတွင်းက ဒေသခံတွေ ပြောင်းရွှေ့လိုပါက နေရေးထိုင်ရေး အကူအညီပေးသွားမယ်လို့ ကလေးခရိုင်ပကဖက DVB ကို ပြောပါတယ်။


စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် အခက်အခဲကြုံနေကြတဲ့ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်အတွင်းက ဒေသခံတွေ ပြောင်းရွှေ့လိုပါက နေရေးထိုင်ရေး အကူအညီပေးသွားမယ်လို့ ကလေးခရိုင်ပကဖက DVB ကို ပြောပါတယ်။

က‌လေးခရိုင်ပကဖ တာဝန်ခံ ကိုစစ်ငြိမ်းအောင်က “မြို့ပေါ်မှာ စစ်မှုထမ်းဖို့ စာရင်းကောက်နေတာတွေ ကြားသိရတယ်။ အဲ့အတွက် လူငယ်တွေ မိသားစုလိုက် ရွှေ့ပြောင်းချင်သူတွေကို ကျနော်တို့ဘက်က ကျနော်တို့ စိုးမိုးနယ်မြေ အလုံခြုံဆုံးနေရာမှာ နေရာထိုင်ခင်းအတွက် အကူအညီပေးဖို့ ရှိပါတယ်။ စားသောက်ရေး အပိုင်းကတော့ အတတ်နိုင်ဆုံး ကြိုးစားပေးမယ် ဆိုတာကလွဲရင် တခြားအခက်အခဲတွေ ရှိတဲ့အတွက် ယတိပြတ်ပြောလို့ အဆင်မပြေသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက မြို့အနီး ကျေးရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တချို့မှာ စစ်မှုထမ်းဥပဒေအတွက် လူငယ်‌တွေကို လိုက်လံစာရင်းကောက်နေတာကို စိစစ်တွေ့ရှိထားပြီး စစ်ကောင်စီကို လိုက်လံစာရင်းကောက်ဖို့ ကူညီဆောင်ရွက်ပေးနေသူတွေကို အရေးယူသွားမယ်လို့ ကလေးခရိုင် ပကဖက မတ် ၂၃ ရက်မှာ ပြောထားပါတယ်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို လက်ရှိစစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်မှာ အာဏာတည်တဲ့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အခုလို စစ်ကောင်စီရဲ့ စစ်သားစုဆောင်းမှုကြောင့် အခက်အခဲကြုံနေရတဲ့ ပြည်သူတွေကို  အကူအညီပေးမယ်လို့ မတ် ၃၀ ရက်မှာ NUG က ထုတ်ပြန်ပါတယ်။