ဟာမေဒါသ် ဆိုသည်မှာ အလ်ဟမ်ဒိုလစ်လ္လာဟ် နှင့် အစပြုသည့် စူရဟ် ဖာသေဟဟ် ၊ စူရဟ် အန်အာမ် ၊ စူရဟ်ကအ်ဖ်၊ စူရဟ် စဘာဖွာသွေရ် တို့ အား ခေါ်ဆိုပါ တယ်။ ဤစူရဟ်များကို "ဟာအာသ် " ၊ "ဟမ်ဒ် " နှင့် "မကာစီးရ် ကုရ်အာန်" ဟူ၍လည်း ခေါ်ဆိုကြတယ်။
ဤစူရဟ်များ၏ အကြောင်းအရာ ဘုံဝင်ရိုးမှာ အစ္စလမ်ဘာသာ၏ အခြေခံ အုတ်မြစ်များသည့် သောင်ဟီးဒ် ၊ နဘူဝသ် နှင့် မအာဒ် (ကေယာမသ်) တို့ ဖြစ်ပါတယ်။ စူယူသီ အနေဖြင့် မိမိ၏ စာအုပ် အလ်အစ်သ်ကာန် တွင် ဂျမားလ် လိုလ်ကိုရ်ရာအ် ၏ စာအုပ် မှ ဆင့်ပြန် ထားသည်မှာ ကုရ်အာန် တွင် မယာဒီးန် သည် မိုင်ဒန် ၏ အများကိန်း ၊ ဘစာသီးန် သည် ဘွတ်စ်သန် ၏ အများ ကိန်း ဘူစသန် အဖြစ်ကျော်ကြားပြီး အဓိပ္ပာယ် မှာ ဥယျာဥ် ဖြစ်ပါတယ်။ မကာစီးရ် ၊ အရာအစ်(စ) သည် အူရုစ် ၏ အများကိန်း၊ ဒီယာဘီးဂျ်သည် ဒီပါဂျ် ၏ အများကိန်းဖြစ်ပြီး အဓိပ္ပာယ်မှာ ပိုးထည် ဖြစ်ပြီး ဒီပါ ဟု ကျော်ကြားပါသည်။ ) ပြီးနောက် ရေယာဆ် သည် ရောင်ဇာဟ် ၏ အများကိန်း ဖြစ်ပြီး အဓိပ္ပာယ် ဥယျာဥ် ၊ ခြံ ဖြစ်ပါတယ်။
မီယာဒီးန် နေကုရ်အာန် ဆိုသည်မှာ "အလစ်လာန်မီးမ် " ဖြင့် အစပြုသော စူရဟ်များဖြစ်ပါသည်။ဘစာသီးန် နေကုရ်အာန် ဆိုသည်မှာအလစ်လာန်ရာ" ဖြင့် အစပြုသော စူရဟ်များဖြစ်ပါသည်။ မကာသီးရ်ရေကုရ်အာန် ဆိုသည်မှာ ဟာမေဒါသ် စူရဟ် များ အရာအစ်(စ) စေ ကုရ်အာန် ဆိုသည်မှာမိုစဘ်ဘဟာသ် စူရဟ် များ ၊ ဒီယာဘီးဂျ် ဂျေကုရ်အာန် ဆိုသည်မှာ ဟာမီးမ်မါသ် စူရဟ်များ နှင့် ရေယာဆ် ဇိုကုရ်အာန် ဆိုသည် မှာမွတ်ဖ်ဆွလာသ် စူရဟ် တော်များ ဖြစ်ပါတယ်။
ရည်ညွှန်းများ
အာရဘီ ဘာသာ စကား ၊ ပါရှန်း (ဖွာရစီ ) ဘာသာစကား အခက်အခဲရှိသူများ နှင့် အတန်းပညာတတ်သူ ပရိတ်သတ်များ ဖတ်ရတာ လွယ်ကူအောင် ကျမ်းကိုးများ ၏ အသံ ထွက်ကို အင်္ဂလိပ် ဘာသာဖြစ် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။
1. Ḥujjatī, Sayyid Muḥammad Bāqir. Pajūhishī dar tārīkh-i Qurʾān-i Karīm. Daftar-i Nashr-i Farhang-i Islami, 1395 Sh.
3. Dictionary of Quranic sciences (Persian) .
4. Sakhāwī, ʿAlī. Jamāl al-qurrāʾ wa kamāl al-ʾiqrāʾ. Beirut: Muʾassisat al-Kutub al-Thiqāfīyya. [n.p]. [n.d].
****************************************************************
END / 251