အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၄ ဧပြီ ၂၀၂၄

၁၅:၄၀:၄၆
1449086

ဤနှစ် ယောင်မွန်လ်ကွတ်ဒ်စ် တစ်မျိုး တစ်မျိုး ထူးခြားမည်

အစ္စလာမ်မစ် တော်လှန်ရေးကို တည်ထောင်သူ ဟဇရသ် အေမာမ် ခိုမေနီ (ရ.ဟ) ၏ ရည်ရွယ်ချက်မှာ ရမ်တွာန် လမြတ် ၏ နောက်ဆုံးသောကြာနေ့ကို အလ်ကွတ်ဒ်စ်နေ့ ဟု အမည်ပေးကာ ပါလက်စတိုင်းပြဿနာကို မွတ်စလင်မ် အွန်မသ် ၏အမြင်တွင် ရှင်သန်စေရန်ဖြစ် ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sehar News ၏ သတင်း အထောက်အထား များ အရ အလ်ကွတ်ဒ်စ်နေ့ သည် အမှန်တကယ်အားဖြင့် ပါလက်စတိုင်းတို့၏ ဘဝ အတွက် အမည်ဖြစ်ပြီး ဟဇရသ် အေမာမ် ခိုမေနီ (ရ.ဟ) သည် လမြတ် ရမ်တွာန် နောက်ဆုံး သောကြာ နေ့ အား အလ်ကွတ်ဒ်စ်နေ့ အဖြစ် သတ်မှတ်ပြီး အစ္စလာမ် အွန်မသ်၏  ၏စိတ်ထဲတွင် ပါလက်စတိုင်းပြဿနာကို ထာဝရပြန်လည်ရှင်သန်စေခဲ့ပါတယ်။

အလ်ကွတ်ဒ်စ်နေ့ သည် ပါလက်စတိုင်းလူမျိုးများ အတွက် သာ မဟုတ်ကြောင်း သက်သေပြခဲ့ပါတယ်။ ကျွန်ုပ်တို့လည်း  ပါလက်စတိုင်း လူမျိုး ၏ နာကျင်မှု၊ ဝမ်းနည်းသောက တို့တွင် တန်းတူပါဝင်သူများဖြစ် ကြပါ တယ်။ ပါလက်စတိုင်း ဒုက္ခသည်တွေ နေရပ်မပြန်မချင်း ကျွန်ုပ်တို့ သည်လည်း အေးချမ်း တွင် ထိုင်နေကြမည် မဟုတ်ချေ။

ယနေ့တွင် ဘိုက်သိုလ်မိုကဒတ်စ် (ခ) ဂျေရုဆလင်သည် စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်နေရပြီး ပထမစိန်ခေါ်မှုမှာ နယ်ချဲ့ အစ္စရေး၊ ဇီယွန်ဝါဒီအစိုးရကို တရားဝင်အသိအမှတ်ပြုပေးရန် ဖြစ်နေပါတယ်။ ဒုတိယစိန်ခေါ်မှုမှာ ဂျေရုဆလင်မြို့၏ လူဦးရေနှင့် အမှတ်အသား လက္ခဏာများ ကို ဖယ်ရှားပြီး ဂျူးလူမျိုးများ ပိုင် ဖြစ်စေရန် ဖြစ်ပါတယ်။

တတိယစိန်ခေါ်မှုမှာ ဂျေရုဆလင် ရှိ မြင့်မြတ်သည့် နေရာများ နှင့် မတ်စ်ဂျစ်ဒ် ဒိုလ်အက်ဇွာ ကို စော်ကား မလေးမစား ၊ မရိုမသေ ပြုခြင်း ဖြစ်ပြီး တုတ္ထစိန်ခေါ်မှုမှာ Century Deal ဖြစ်ပြီး ပဉ္စမစိန်ခေါ်မှုမှာ အနောက်ဂျော်ဒန်ကို အစ္စရေး တွင်  ပေါင်းစည်းခြင်း ဖြစ်သည်။ ဆဋ္ဌမမြော က်စိန်ခေါ်မှုမှာ ဂါဇာ ကမ်းမြောင် ဒေသ တွင် အဖိနှိပ်ခံပြည်သူများကို သတ်ဖြတ်ခြင်းပင်ဖြစ်ပါတယ်။

အမေရိကန်နှင့် အစ္စရေးတို့သည် ၎င်းတို့၏ မဟာမိတ် အာရပ်အာဏာ ရှင်များနှင့်အတူ ပါလက်စတိုင်းအရေးကို နှိမ်နှင်းရန် လွန်ခဲ့သည့် ၇၄ နှစ်ကြာ ပူးပေါင်းကြံစည်မှု မအောင်မြင်ခဲ့သော်လည်း ပါလက်စတိုင်းအရေးမှာ တနေ့ထက်တနေ့ ပိုမိုထင်ရှားလာပြီး ယင်းကိစ္စနှင့် ပတ်သက်၍ အမေရိကန်နှင့် မဟာမိတ်များ၏ ကြိုးပမ်းမှုများ မှာ မအောင်မြင် ဘဲ ဖြစ်နေပါတယ်။

အလ်ကွတ်ဒ်စ်နေ့အခါသမယတွင် ကျွန်ုပ်တို့သည် ဘိုက်သိုလ်မိုကဒတ်စ် (ခ) ဂျေရုဆလင် နှင့် ပါလက်စတိုင်း အရေးကို အခိုင်အမာယုံကြည်ပြီး ဂျေရုဆလင်ကို ၎င်း၏တရားဝင်အမွေဆက်ခံသူများပြန်လည် ရရှိမည် ဖြစ်ပြီး  တွေ့ရှိနိုင်မည်ဖြစ်ပြီး နေရာစရာမရှိ ဖြစ်နေရသည့် ပါလက်စတိုင်း ဒုက္ခသည်များ သည် တစ်နေ့တွင် အင်န်ရှာအလ္လာဟ် ၎င်းတို့၏မွေးရပ်မြေသို့ အောင်ပွဲခံကာ ပြန်လာမည်ဟု ယုံကြည်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသတွင် နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီများ၏ ရန်စမှုများနှင့် ကမ္ဘာ့အဆင့်နှင့် ကြီးမားသော အစ္စရေး ဆန့်ကျင်သည့် ဆန္ဒပြပွဲ ကြီး များ တွင် အစ္စရေးနိုင်ငံအပေါ် ဒေါသအမျက်ထွက်ခြင်းများ  သည် ကွတ်ဒ်စ် ကိစ္စ ကို ကျယ်ပြန့်ပြီး ကြီးထွားလာသော အောင်မြင်မှုများနှင့် ပါလက်စတိုင်းတို့၏ အပြင်းအထန် တိုက်ပွဲဝင်မှုများကြောင့် ယခုနှစ် ကမ္ဘာ့ ကွတ်ဒ်စ်နေ့ သည်  သီးခြားဖြစ်မည် ဖြစ်ပြီး အစ္စလာမ့် ကမ္ဘာသမိုင်း တွင်ကျင်းပပြုလုပ်မည့် သမိုင်း ဝင် နေ့တစ် နေ့ ဖြစ်ပေမည်။

အဘယ်ကြောင့်ဆိုသော် ယာယီ နှင့် နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုးရအတုများ၏ စစ်ရေးအာဏာသည် ကျိုးပျက်သွားပြီး ဖြစ်ပါတယ်။ ဤအချက်ကိုလည်း နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီ များကိုယ် တိုင် ဝင်ခံ ထားပြီး ဖြစ်ပါတယ်။ အဥြ့သို့ အခြေအနေ တွင် မွတ်စလင်မ် အွန်မသ် နှင့် ပါလက်စတိုင်း လူမျိုးတို့၏ ကြိုးစား ကြိုးပမ်း မှု သည် ကွတ်ဒ်စ်နေ့ အား အထူး သမိုင်း ဝင် အရေး ပါမှု ကို ဖြစ်စေမည် ဖြစ်ပါတယ်။

မတ်စ်ဂျစ်ဒ် အက်ဇွာ ၏ တရားဟောဆရာ ရှိက်ခ် အက်ရမဟ် ဆွဘရီ မှ မိမိ၏ တရား တစ်ခု တွင် ကွတ်ဒ်စ် လွတ်မြောက်မည်ဖြစ်ပြီး ပါလက်စတိုင်းပြည်သူများ သတိရှိနေကြောင်း မိန့်ကြားခဲ့ပါတယ်။ ဆက်လက်ပြီး မတ်စ်ဂျစ်ဒ် အက်ဇွာ ၏ တရားဟောဆရာ မှ မတ်စ်ဂျစ်ဒ် အက်ဇွာ သည် မွတ်စလင်မ် နှင့် ပါလက်စတိုင်း တို့၏ အမှတ်အသား လက္ခဏာ ဖြစ်နေသည့် အတွက်ကြောင့် အမြဲတမ်း အစ္စရေး တို့၏ လူမဆန်သည့် တိုက်ခိုက်မှု များ ကို ခံနေရကြောင်း နယ်ချဲ့ အစ္စရေး ဇီယွန် အစိုးရသည် ဤ လက္ခဏာ အမှတ်အသား ကို ချေမှုန်း ဖျက်စီး လိုကြခြင်း ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။

ကြံ့ကြံ့ခံ တပ် များ နှင် ဆက်နွယ်နေသည့် လေ့လာရေးသူတေသီများပြောကြားချက်အရ ပါလက်စတိုင်း ကြံ့ကြံ့ခံ တပ် နှင့် ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ ဒုံးကျည်များ ကို မကာကွယ် နိုင်သည့် အစ္စရေး နယ်ချဲ့ အစိုးရ သည်ခြောက် လကျော်နေပြီး ဖြစ်သော်လည်း အုပ်စုငယ်လေး တစ်ခု ဖြစ်သည့် ဟားမစ် ကို မအောင်နိုင်ဘဲ ကိုယ်တိုင် ရှုံးနေပြီး ဖြစ်ကြောင်း ဖြစ်ပါတယ်။

နယ်ချဲ့ အစ္စရေး ဇီယွန် ဝါဒီ အစိုးရသည် ဂါဇာကမ်းမြောင်တွင် ဆိုးရွားစွာ ပိတ်မိနေပြီး ၎င်းထဲမှ ရုန်းထွက်ရန် ပြင်းပြင်းထန်ထန် ကြိုးစားနေရပါတယ်။ ၎င်း အနေဖြင့် ကြံ့ကြံ့ခံ မိုဂျာဟစ်ဒ်များ၏ အကျဥ်း ထောင်များ မှ မိမိတို့၏ အကျဥ်းသားများ ကို စစ်အင်အား သုံး၍ လွတ်မြောက်အောင်  မလုပ်ပေးနိုင်ဘဲ ဖြစ်နေကြောင်း တွေ့မြင်နေရပါတယ်။

****************************************************************

END / 251