အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
ကြာသပတေးနေ့

၄ ဧပြီ ၂၀၂၄

၂၀:၂၈:၅၇
1449121

နေပြည်တော်စစ်ဆင်ရေး တော်လှန်ရေး၏ ကြီးမားသည့်အရွေ့တခုဟု NUG ပြော

ဧပြီ ၄ ရက် ဒီနေ့ နေပြည်တော် ဒရုန်းစစ်ဆေးရေးမှာ Project Dragonfly နဲ့ စီစဉ်ထားတဲ့ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေထဲကတချို့ကို အသုံးပြုခဲ့ပြီး စစ်ရုံးချုပ် (ကက-ကြည်း)၊ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် နေအိမ်နဲ့ အေလာလေယာဉ်ကွင်းတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။




ဧပြီ ၄ ရက် ဒီနေ့ နေပြည်တော် ဒရုန်းစစ်ဆေးရေးမှာ Project Dragonfly နဲ့ စီစဉ်ထားတဲ့ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေထဲကတချို့ကို အသုံးပြုခဲ့ပြီး စစ်ရုံးချုပ် (ကက-ကြည်း)၊ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် နေအိမ်နဲ့ အေလာလေယာဉ်ကွင်းတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။

ဒီစစ်ဆင်ရေးမှာ ဒရုန်းအစင်း ၃၀ လောက်နဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေက စွမ်းဆောင်ရည်ဆိုင်ရာ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သလို အနာဂတ်စစ်ဆင်ရေးများအတွက်လည်း ယုံကြည်မှုနဲ့ အတွေ့အကြုံတွေ ကောင်းစွာရရှိစေခဲ့တယ်လို့ PVTV က ဆက်သွယ်မေးမြန်းတာမှာ ဦးနိုင်ထူးအောင်က ပြောကြားခဲ့တာပါ။

"လွန်ခဲ့တဲ့လတွေက စစ်ကောင်စီ ခေါင်းဆောင်ပိုင်းမှာ ဖြစ်ခဲ့တဲ့ အကွဲအပြဲတွေကလည်း ဒီစစ်ဆင်ရေး ဆောင်ရွက်နိုင်စေဖို့အတွက် အများကြီး အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ စစ်ကောင်စီက သူတို့အတွက် အလုံခြုံဆုံးနေရာ၊ တိုက်ခိုက်လို့ မရနိုင်တဲ့နေရာလို့ မှတ်ယူထားတဲ့ နယ်မြေဖြစ်ပါတယ်။ အဲ့လိုနေရာမျိုးကို ၃ နှစ်လောက်ပဲ သက်တမ်းရှိသေးတဲ့ တော်လှန်ရေးရဲဘော်တွေက ထိုးဖောက်ဝင်ရောက်ပြီး ကြီးကြီးမားမား ခြိမ်းခြောက်လာနိုင်ပြီဆိုတာ တော်လှန်ရေးရဲ့ ကြီးမားတဲ့အရွေ့တခုလို့ ပြောမယ်ဆိုရင် ရပါတယ်။ ဒီလို ဆောင်ရွက်နိုင်တယ်ဆိုတာ တော်လှန်ရေးရဲဘော်များ နဲ့ ပြည်သူများ လက်တွဲညီညီ ပူးပေါင်းနိုင်မှု၊ တော်လှန်ရေးရဲဘော်များရဲ့ စိတ်အားထက်သန်မှုနဲ့ ဖန်တီးနိုင်စွမ်းအား မြင့်မားမှုတွေကြောင့်လို့လည်း ပြောလို့ရပါတယ်။ ဒါ့အပြင် ဘယ်ကိစ္စမဆို ပထမဆုံးအကြိမ် ဆောင်ရွက်ရတာ အခက်အခဲဆုံးပဲ ဖြစ်ပါတယ်။ ပထမအကြိမ် ဆောင်ရွက်နိုင်သွားရင် နောက်ထပ် နောက်ထပ် ဆောင်ရွက်မှုတွေဟာ များစွာ လွယ်ကူသွားပါပြီ" လို့ ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်နေအိမ်၊ နေပြည်တော်က စစ်ရုံးချုပ်နဲ့ အေလာလေတပ်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီနေ့မနက်ပိုင်းမှာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး အေလာလေဆိပ်မှာ မီးလောင် ပေါက်ကွဲမှုကြောင့် မီးခိုးတွေ ထွက်တာကို တွေ့ရတယ်လို့ PVTV က ဆိုပါတယ်။

နေပြည်တော်အပါအဝင် စစ်ကောင်စီရဲ့ အရေးကြီး နေရာတွေကို တိုက်ခိုက်နိုင်ဖို့အတွက်လည်း ယုံကြည်မှုနဲ့ အတွေ့အကြုံကောင်းတွေ ရရှိထားပြီဖြစ်လို့ ဆက်လက်စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ဦးနိုင်ထူးအောင်က ပြောပါတယ်။

"ဒီလိုခရီး ရောက်ခဲ့တာရဲ့ အဓိက အကြောင်းရင်းကတော့ ပြည်သူတွေရဲ့ ပါဝင်မှုပဲဖြစ်ပါတယ်။ အခု နေပြည်တော် စစ်ဆင်ရေးမှာဆိုရင် Project Dragonfly နဲ့ စီစဉ်ထားတဲ့ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများထဲက အချို့ကို အသုံးပြုခဲ့ပါတယ်။  စစ်ရေးဆိုင်ရာ ကိစ္စရပ်များဖြစ်လို့ သတင်းမထုတ်ပြန်တာတွေ များစွာရှိပေမဲ့ သေချာတာကတော့ ပြည်သူတွေရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ စစ်ကောင်စီကိုများစွာ အထိနာအောင် ဆောင်ရွက်နိုင်ခဲ့တယ် ဆိုတာပါပဲ။ စစ်ရေးကိစ္စရပ်များအပြင် သပိတ်တိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ ဝင်ငွေဖြတ်တောက်ရေး လုပ်ငန်းတွေမှာ ပြည်သူတွေရဲ့ တက်ကြွစွာ ပါဝင်နေမှုကလည်း တော်လှန်ရေးရဲ့ ပန်းတိုင်နဲ့ တနေ့တခြား ပိုမိုနီးကပ်လာစေပါတယ်" လို့ ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ တော်လှန်ရေးမှာ ပါဝင်တာကို အရှိန်ဆက်လက်မြှင့်တင်ပြီး စည်းလုံးညီညွတ်စွာနဲ့ ဆက်လက်တိုက်ပွဲဝင်ကြမယ်ဆိုရင် တော်လှန်ရေးဟာ မုချအောင်မြင်မှာ ဖြစ်သလို အောင်ပွဲဟာလည်း မဝေးတော့ဘူးလို့လည်း သူကဆက်‌ပြောပါတယ်။

စစ်တပ်ဝါဒဖြန့် မြဝတီရုပ်မြင်သံကြားကတော့ ဒရုန်း‌တွေအားလုံးကို ပစ်ချနိုင်ခဲ့ပြီး ၁၃ စင်းကို သိမ်းဆည်းရမိသလို အဲဒီထဲက ၄ စင်းမှာ ဗုံးပါလာတယ်လို့ ထုတ်ပြန်ပါတယ်။