အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
ကြာသပတေးနေ့

၄ ဧပြီ ၂၀၂၄

၂၀:၃၁:၂၄
1449123

ဗုံးကွဲမှု ဆက်တိုက်ဖြစ်နေသည့်ရန်ကုန်၌ ရေကစားမဏ္ဍပ် ၂၀၀ ကျော်ဆောက်မည်

ရန်ကုန်မြို့မှာ လာမယ့်သင်္ကြန်ပွဲအတွက် ရေကစားမဏ္ဍပ် ၂၀၀ ကျော် ဆောက်သွားမယ်လို့ စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောပါတယ်။


ရန်ကုန်မြို့မှာ လာမယ့်သင်္ကြန်ပွဲအတွက် ရေကစားမဏ္ဍပ် ၂၀၀ ကျော် ဆောက်သွားမယ်လို့ စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောပါတယ်။

ပြည်သူ့ရင်ပြင်မှာတိုင်းဒေသကြီး ဌာနဆိုင်ရာ ရေကစားမဏ္ဍပ် ၁ဝ ခု၊ လမ်းလျှောက်သင်္ကြန်တခု၊ ဖျော်ဖြေရေးမဏ္ဍပ်တခု၊ မြို့တော်ခန်းမမှာ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်အား ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင်ခရိုင်/ မြို့နယ်တွေမှာ ဗဟိုမဏ္ဍပ် ၄၃ ခု၊ ရေကစားမဏ္ဍပ် ၁၇၆ ခု။ လမ်းလျှောက်သင်္ကြန် နှစ်ခုတို့ ဆောက်သွားမယ်လို့ ဦးစိုးသိန်းက မနေ့က ပြုလုပ်တဲ့ သင်္ကြန်ပွဲတော်ကျင်းပရေး လုပ်ငန်းအစည်းအဝေးမှာ ပြောသွားတာပါ။

အခုလို သင်္ကြန်မဏ္ဍပ် ၂၀၀ ကျော်ဆောက်လုပ်တာဟာ စစ်အာဏာသိမ်းကာလမှာ အများဆုံး အရေအတွက်ဖြစ်ပေမယ့် ရန်ကုန်မြို့နေ ပြည်သူတွေကြားမှာတော့ သင်္ကြန်ပွဲနဲ့ပတ်သက်လို့ စိတ်ဝင်စားမှုရှိမနေဘူးလို့ မြို့ခံတွေက ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူတဦးက “စစ်မှုထမ်းကိစ္စအတွက် ပူနေရတာနဲ့ ဗုံးတွေ ပေါက်နေတာနဲ့ ဘယ်သူက စိတ်ဝင်စားမှာလဲ” လို့ပြောပါတယ်။

ရန်ကုန်မြို့မှာ စစ်ကောင်စီ အခြေချရုံး၊ အဆောက်အဦတွေကို တော်လှန်ရေးအင်အားစုတွေက ဆက်တိုက်ဖော်ခွဲတိုက်ခိုက်မူရှိနေချိန်မှာ သင်္ကြန်ပွဲကျင်းပဖို့ အားထုတ်ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့သင်္ကြန်ပွဲတွေမှာလည်း ပြည်သူတွေ စိတ်ဝင်တစား ပူးပေါင်းပါဝင်မှု မရှိတာကြောင့် Non CDM ဝန်ထမ်းတွေ၊ စစ်တပ်ထောက်ခံသူတွေကို ဖိအားပေးခေါ်ယူတာတွေ လုပ်ခဲ့ရတယ်လို့ ဌာနတွင်း ဝန်ထမ်းတွေဆီက သိရပါတယ်။

dvbစစ်ကောင်စီရေကစားမဏ္ဍပ်မြန်မာသတင်းNewsရန်ကုန််