အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၅ ဧပြီ ၂၀၂၄

၀၈:၄၄:၅၈
1449162

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ တွင် ကမ္ဘာ့ ကွတ်ဒ်စ် နေ့ အတွက် ချီတက် ဆန္ဒပြပွဲများ စတင်နေ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ မြို့တော် တီဟီရန် အပါအဝင် တနိုင်ငံ တစ်ခုလုံးတွင် ကမ္ဘာ့ ကွတ်ဒ်စ် နေ့ အတွက် ချီတက် ဆန္ဒပြပွဲများ စတင်နေပြီး ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းဌာန ၏ အထောက် အထားများ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ  ၏ မြို့တော် တီဟီရန်၏ နေရာ အသီးသီး မှ ကမ္ဘာ့ ကွတ်ဒ်စ် နေ့  အတွက် ချီတက် ဆန္ဒပြပွဲ များသည် တီဟီရန်တက္ကသိုလ်ဆီသို့ ရွေ့လျား လာနေကြောင်း သိရပါတယ်။

ထိုနည်းတူ မရှ်ဟဒ် ပြည်နယ် ၊ ကွမ်းပြည်နယ်  ၊ ရှီးရာဇ် ပြည်နယ် ၊ အစ္စဖဟန် ပြည်နယ် ၊ ဇါအေဒန် ပြည်နယ် အပါအဝင် အီရန်အရှေ့ပိုင်း၊ အနောက် မြောက်ပိုင်း နှင့် တောင်ပိုင်းရှိ မြို့ကြီးများနှင့် ရွာများအားလုံးတွင် ကမ္ဘာ့ ကွတ်ဒ်စ် နေ့  အတွက် ချီတက် ဆန္ဒပြပွဲများ  ပြုလုပ်နေကြပြီး  ဆန္ဓပြပွဲ တွင် ရိုဇဟ် ထားသူ များ အမြောက်အများပါဝင်ကြကြောင်း သိရပါတယ်။

ကမ္ဘာ့ ကွတ်ဒ်စ် နေ့  အတွက် ချီတက် ဆန္ဒပြပွဲများ ပါဝင် သည့် ရိုဇဟ် ထားထားသည့် မွတ်စလင်မ်များ ၏ လက်များ တွင်  ပါလက်စတိုင်းအလံများ  ကွတ်ဒ်စ်  ရှရီးဖ် ၏ ဓာတ်ပုံများ ဂါဇာကမ်းမြောင်ဒေသရှိ ဖိနှိပ်ခံ ပါလက်စတိုင်းများနှင့် ခုခံရေးတပ်ဦးတို့နှင့်အတူ လုံးဝစည်းလုံးညီညွတ်မှုဆိုင်ရာ ကြွေးကြော်သံများကို ရွတ်ဖတ်သည့် ကြေငြာစာတမ်းများ ကိုင်ဆောင်ထားပြီး  နဖူးစည်းစာတန်းများ လည်း စီးထားကြသည်ကို တွေ့မြင်နိုင်မည် ဖြစ်ပါတယ်။

****************************************************************

END / 251