အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၅ ဧပြီ ၂၀၂၄

၂၀:၃၀:၄၃
1449335

ဂျာမနီ နိုင်ငံ ရှိ ဒါရိုလ်ကုရ်အာန် ကရီးမ် ဘက်မှ

(၁၀) ကြိမ်မြောက် ဥရောပ ဆိုင်ရာ ကုရ်အာန်ပြိုင်ပွဲကို ကျင်းပမည်

(၁၀) ကြိမ်မြောက် ဥရောပ ဆိုင်ရာ ကုရ်အာန်ပြိုင်ပွဲ အားဂျာမနီနိုင်ငံရှိ ဒါရိုလ်ကုရ်အာန် ကရီးမ် ဘက်မှ ကျင်းပမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

(၁၀)  ကြိမ်မြောက် ဥရောပ ဆိုင်ရာ ကုရ်အာန်ပြိုင်ပွဲ အားဂျာမနီနိုင်ငံရှိ  ဒါရိုလ်ကုရ်အာန် ကရီးမ် ဘက်မှ ကျင်းပမည် ဖြစ်ပါတယ်။ ဤပြိုင်ပွဲ တွင် အဇါန် ၊ ဟေဖ်ဇ် (အာဂုံဆောင်)  ၊ ကေရာအသ် နှင့် မဖါဟီးမ် မေကုရ်အာန်  ကရီးမ်  (ခ) ကုရ်အာန်ကရီးမ် ၏ အဓိပ္ပာယ်ဆိုလိုချက် သဘောပေါက် ခြင်း အစီအစဥ်များ ပါဝင် ကြောင်း သိရှိရပါတယ်။

ဤပြိုင်ပွဲများသည် ကျမ်းတော်မြတ်ကုရ်အာန်၏ ယဉ်ကျေးမှုနှင့် သွန်သင်ချက်များကို ဖြန့်ချိရန်နှင့် မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပါတယ်။ ထိုပြင် ကျမ်းတော်မြတ်ကုရ်အာန် ဆိုင်ရာ ထူးချွန်သူများ တိုးတက်လာစေရန် အောင်မြင်လာစေရန် အလ္လာဟ်၏ ကလာမ်နှင့်ဝဟီ ဖြစ်တော်မူသည့် ကျမ်းတော်မြတ် ကုရ်အာန် အား ကေရာအသ် ပြုသူများ အာဂုံဆောင်သူများ ပိုမို၍ စိတ်ဝင်စား မြတ်နိုးလာစေရန် ဥရောပကုရ်အာန်အသိုက်အဝန်းအတွင်း စည်းလုံးညီညွတ်မှုကို ဖန်တီးနိုင်ရန် ထူးချွန် ကေရာအသ် ပြုသူများ အာဂုံဆောင်သူများ အကြား အပြန် အလှန် မိမိတို့ ၏ အတွေဲအကြုံများ ကို ဖလှယ် နိုင်ရန် လည်း ဖြစ်ကြောင်း သိရှိရပါတယ်။

ဥရောပတိုက်တွင်နေထိုင်သော  အစ္စလာမ့် ဘာသာဝင် မဇ်ဟဗ် အသီးသီး ဖြစ်သည့် စွန်နီ ၊ ရှီအဟ် စသည်ဖြင့် မှ အက်အရွယ် အသက်ကန့်သတ်ချက် မရှိဘဲ ဤပြိုင်ပွဲတွင် ပါဝင်နိုင်ပါတယ်။

ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁၉ ရက် သောကြာနေ့တွင် ကျင်းပမည်ဖြစ်ပြီး ပိတ်ပွဲအခမ်းအနားကို ဧပြီ ၂၁ ရက် တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်များနှင့် မှတ်ပုံတင်ခြင်းအတွက် အောက်ဖော်ြပပါ လင့်ခ် တွင် ကြည့်ရှုနိုင်ပါတယ်။

https://fa.izhamburg.com

****************************************************************

END / 251