အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၆ ဧပြီ ၂၀၂၄

၂၀:၂၆:၄၃
1449565

မရ်ဂျာကြီး ၉ပါး ၏ ဖေသ်ရဟ် နှင့် ပတ်သက်သည့် ငွေပမာဏ ထုတ်ပြန် ကြေညာ

ကမ္ဘာ့ အကျော် အမော် မရ်ဂျာကြီး ၉ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာန်နီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမိုရှီးရာဇီး ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နူးရီ ဟမ်ဒါနီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် ရှိုဗိုင်းရီ ဇန်ဂျာနီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ စိုဗ်ဟာနီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒီ အာမိုလီ နှင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မဇွာဟေရီ တို့ မှ ဖေသ်ရဟ် နှင့် ပတ်သက် သည့် ငွေပမာဏ အား ထုတ်ပြန် ကြေညာခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟောင်ဇေ သတင်းဌာန ၏ သတင်း အထောက်အထားများ အရ ဇကားသ် သည် အစ္စလမ်ဘာသာ ၏ ဘဏ္ဍာရေး ဆိုင်ရာ လုပ်ဆောင်ချက်များထဲမှတစ်ခုဖြစ်ပြီးအချို့သောအခြေအနေများ အောက်တွင် မဖြစ် မနေလုပ် ဆောင်ရမည့် အရာဖြစ်ပါတယ်။ ဇကားသ် ၏ အရေးပါမှု နှင့်ပတ်သက်၍ ကုရ်အာန်ကျမ်းတော်မြတ် တွင် အာယသ်တော် ပေါင်း ၃၀ ကျော် သည် နမာဇ် ဝတ်ပြုပါ။ ပြီးနောက် ဇကားသ် ပေးဆောင်ပါ ဟု၍ အမိန့်လာ ရှိကြောင်း ကို လေ့လာ ၍ သိနိုင်ပါတယ်။

အလ္လာဟ်ဟို အရှင်မြတ် သည် ကျမ်းတော်မြတ် ကုရ်အာန် တွင်  «قَدْ افْلَحَ مَنْ تَزَکّی‏ وَ ذَکَرَ اسْمَ رَبِّهِ فَصَلّی‏ » မိန့်တော် မူထားပါတယ်။ အဓိပ္ပာယ် မှာ ဧကန်မုချ ထိုသူများသည် အောင်မြင်သူ ဖြစ်ပါမည်။ ထိုသူသည် ဇကားသ် ပေးဆောင်ပါသည်။ပြီးနောက် မိမိအရှင်မြတ် ၏ အားတမ်းတ ပါသည်။ပြီးနောက် နမာဇ် ဝတ်ပြု လေသည်။

ဖေသ်ရဟ် သည်လည်း ဇကားသ် တစ်မျိုး  ဖြစ်ပြီး ဝါဂျစ်ဗ် ဘေမိုအကဒ် ဖြစ်ပါတယ်။ ရီဝါယသ်တော် တစ်ခု တွင် လာရှိပါတယ်။ အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) မိန့်တော် မူထားပါတယ်။ « نّ مِن تَمامِ الصَّومِ إعطاءَ الزَّکاةِ ـ یعنی الفِطرَةَ ـ کما أنَّ الصَّلاةَ علی النبِیّ صلی الله علیه و آله مِن تَمامِ الصّلاةِ، لأنّه مَن صامَ و لَم یُؤَدِّ الزَّکاةَ فلا صَومَ لَهُ إذا تَرَکَها مُتَعَمِّدا   ‏ » အဓိပ္ပာယ် မှာ ရိုဇဟ် ၏ ပြည့်စုံ မှုသည် ဇကားသ် (ဖေသ်ရဟ် ပေးဆောင်ခြင်း) ဖြင့် ဖြစ်ပါသည်။ ထိုနည်းတူစွာ နမာဇ် ၏ ပြီးပြည့်စုံ မှုသည် တမန်တော်မြတ် (ဆွ) နှင့် ကိုယ်တော်၏ အဲဟ်လေ့ဘိုက်(အ.စ) အပေါ်ဆလ်ဝသ် ပို့သခြင်း ဖြင့် ဖြစ်ပါသည်။ အကြောင်းသည်ကား အကယ်၍ တစ်ဦး တစ်ယောက် သည် ရိုဇဟ် ထားပြီးနောက်  ဇကားသ်ဖေသ်ရဟ် အား တမင်တကာ မပေးဆောင်မည်ဆို  (၎င်း၏) ရိုဇဟ်သည် အကျိုးမဲ့ ဖြစ်သွားပါသည်။ (ရိုဇဟ်မပိုင်တော့ချေ။)

ဤအတွက်ကြောင့် ဖေသ်ရဟ် မဖြစ်မနေ ပေးကို ပေးဆောင်ရမည် ဖြစ်ပါတယ်။  တရားတော် အရ  ရိုဇဟ် ထားသူ စားသုံးသည့်အတိုင်း အကယ်၍  ဂျုံ စားသုံးသည် ဆိုလျင် ဂျုံ သို့မဟုတ် ၎င်း၏တန်ဖိုး ၃ကီလို ဂရမ် သို့မဟုတ်ဆန်စားသုံး သည် ဆိုလျင် ဆန် သို့မဟုတ် ၎င်း၏ တန်ဖိုး ၃ကီလိုဂရမ် ပေးရမည် ဖြစ်ပါတယ်။ မြန်မာ ပြည်အနေအထားအရဆိုလျင် ဆန်စားသုံးသူ အများစုသို့မဟုတ် အားလုံးနည်းပါး ဖြစ်၍  မိမိစားသည့် ဆန် တစ်ပြည့်ခွဲ  သို့မဟုတ် ၎င်းတန်ဖိုးကို မရှိဆင်းရဲသား ၊ အရက်သေစာ မသောက်စားသူ ၊ နမာဇ် ဝတ်ပြုသူ (နမာဇ်မြဲသူ) ၊လူသိရှင်ကြား ဂိုနာဟ်မကျူးလွန်သူ ၊ ဖေသ်ရဟ်အား ဂိုနာဟ် အလုပ်များ အတွက်မသုံးသူ နှင့် ရှီအဟ် အစ္စ်နာအရှရီ ဖြစ်သူ ကို ပေးရမည် ဖြစ်ပါတယ်။ ပေးသည့် အခါတွင် အနည်းဆုံး ဖေသ်ရဟ် တစ်ဦးစာ ပေးဆောင်ရမည် ဖြစ်ပါတယ်။ ဆယက်ဒ် မဟုတ်သူ ၏ ဖေသ်ရဟ် အား ဆယက်ဒ် အား မပေးမိဖို့လည်း အထူး သတိပြုရမည် ဖြစ်ပါတယ်။

အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မတ နိုင်ငံ တွင်နေထိုင်သည့် ရှီအဟ် မွတ်စလင်မ်များ အတွက် ကမ္ဘာ့ အကျော် အမော် မရ်ဂျာကြီး ၉ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ  ဝဟီးဒ် ခိုရာစာန်နီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ  မကာရေမိုရှီးရာဇီး ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နူးရီ ဟမ်ဒါနီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် ရှိုဗိုင်းရီ ဇန်ဂျာနီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ  စိုဗ်ဟာနီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ  ဂျဝါဒီ အာမိုလီ နှင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ်  မဇွာဟေရီ တို့ မှ ဖေသ်ရဟ် နှင့် ပတ်သည့် ငွေပမာဏ  ထုတ်ပြန် ကြေညာခဲ့ပါတယ်။ မိုကလစ်ဒ် တိုင်းမိမိတို့၏ မရ်ဂျာများ ၏ သတ်မှတ်ချက် ပမာဏ အတိုင်း ပေးဆောင် ကြမည် ဖြစ်ပါတယ်။ ထိုမိုကလစ်ဒ်များ အနေဖြင့် မိမိတို့ ၏ မရ်ဂျာကြေညာထားသည့် အတိုင်း သို့မဟုတ် ၎င်းထက် ပိုပေး၍ ပေးဆောင်လျင် လုံလောက်ကြောင်း မှတ်သားထားရမည် ဖြစ်ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ

ဖေသ်ရဟ် တစ်ယောက်စာ

ဂျုံစားသူအတွက်  ၆၅၀၀၀သူမန်

ဆန်စားသူ အတွက်  ၁၈၀၀၀၀ သူမန် ဖြစ်ပါတယ်။

 

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ

ဖေသ်ရဟ် တစ်ယောက်စာ

ဂျုံစားသူအတွက်  ၇၀၀၀၀ သူမန်

ဆန်စားသူ အတွက် ၊ အီရန်ဆန်စားသူ  ၁၈၀၀၀၀ သူမန် ၊ အီရန်ဆန်မဟုတ်ဘဲ အခြားဆန်စားသူ ၁၂၀၀၀၀ သူမန် ဖြစ်ပါတယ်။

 

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ  ဝဟီးဒ် ခိုရာစာန်နီ

ဖေသ်ရဟ် တစ်ယောက်စာ

ဂျုံစားသူအတွက်  ၇၀၀၀၀ သူမန်

ဆန်စားသူ အတွက်  မိမိစားသည့် ဆန်တန်ဖိုး နှင့်  အညီ ဖြစ်ပါတယ်။

 

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ  မကာရေမိုရှီးရာဇီး

ဖေသ်ရဟ် တစ်ယောက်စာ

ဂျုံစားသူအတွက်  ၆၅၀၀၀သူမန်

ဆန်စားသူ အတွက်  ၁၈၀၀၀၀ သူမန် ဖြစ်ပါတယ်။

 

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နူးရီ ဟမ်ဒါနီ

ဖေသ်ရဟ် တစ်ယောက်စာ

ဂျုံစားသူအတွက်  ၆၅၀၀၀သူမန်

ဆန်စားသူ အတွက်  ၁၈၀၀၀၀ သူမန် ဖြစ်ပါတယ်။


ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် ရှိုဗိုင်းရီ ဇန်ဂျာနီ

ဖေသ်ရဟ် တစ်ယောက်စာ

ဂျုံစားသူအတွက်  မိမိဝယ်စားသည့်စျေးနှူန်းအရ

ဆန်စားသူ အတွက်  မိမိဝယ်စားသည့် စျေးနှုန်း အရ ဖြစ်ပါတယ်။



ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ  စိုဗ်ဟာနီ

ဖေသ်ရဟ် တစ်ယောက်စာ

ဂျုံစားသူအတွက်  မိမိဝယ်စားသည့်စျေးနှူန်းအရ

ဆန်စားသူ အတွက်  မိမိဝယ်စားသည့် စျေးနှုန်း အရ ဖြစ်ပါတယ်။

 

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ  ဂျဝါဒီ အာမိုလီ

ဖေသ်ရဟ် တစ်ယောက်စာ

ဂျုံစားသူအတွက်  မိမိဝယ်စားသည့်စျေးနှူန်းအရ

ဆန်စားသူ အတွက်  မိမိဝယ်စားသည့် စျေးနှုန်း အရ ဖြစ်ပါတယ်။

 

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ်  မဇွာဟေရီ

ဖေသ်ရဟ် တစ်ယောက်စာ

ဂျုံစားသူအတွက်  မိမိဝယ်စားသည့်စျေးနှူန်းအရ

ဆန်စားသူ အတွက်  မိမိဝယ်စားသည့် စျေးနှုန်း အရ ဖြစ်ပါတယ်။

မှတ်ချက် - ဖေသ်ရဟ်အား အီးဒ်နမာဇ် မဝတ်ပြုမီအလျင် ပေးဆောင်ခြင်းသည် မွတ်စ်သဟဗ် ဖြစ်ပါတယ်။ အကယ်၍ အီးဒ် နမာဇ် ဝတ်မပြုမည်ဆိုလျင် ဇဟိုရ်အချိန်ထိဆွဲထားခွင့်ရှိပါတယ်။

****************************************************************

END / 251