အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၈ ဧပြီ ၂၀၂၄

၁၀:၅၈:၂၃
1449962

အီရန် နိုင်ငံသည် အနောက်အာရှတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၏ စံနမူနာဖြစ်သည်ဟု အီရန်နိုင်ငံခြား ရေးဝန်ကြီးမှ ပြောကြား

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြား ရေးဝန်ကြီး မှ မိမိ၏ ရာထူးတူ အိုမန် နိုင်ငံခြား ရေးဝန်ကြီးနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ချိန် တွင် အီရန် နိုင်ငံ သည် ဒေသတွင်း တည်ငြိမ် အေးချမ်းမှု ခိုင်ခိုင် တည်ဆောက် သည့် နိုင်ငံဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ ဖော်ပြချက် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) သည် အိုမန်နိုင်ငံ မြို့တော် မတ်စကတ် မြို့ တွင် အိမ်ရှင် နိုင်ငံခြား ရေးဝန်ကြီး နှင့် သတင်းစာရှင်းလင်းပွဲတွင် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံအနေနဲ့ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်ပျက်စီးစေမှာ မဟုတ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က နယ်ချဲ့ အစ္စရေး ဇီယွန်စစ်အစိုးရ မှ မိမိတို့ ၏ သံရုံးကို တိုက်ခိုက်ခဲ့ပြီးနောက် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ သည် အမေရိကန်သို့ ပြတ်ပြတ်သားသား သဝဏ်လွှာ ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် အီရန်သည် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လိုကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) ဆက်လက် ပြောကြားခဲ့ပါတယ်။

မကြာသေးမီနှစ်များအတွင်း အီရန်အပေါ် ပိတ်ဆို့အရေးယူမှုအချို့ကို ထိရောက်မှု မရှိအောင်ပြုလုပ်ရာတွင် ပါဝင်ခဲ့သည့် အိုမန်အား ကျေးဇူးတင်ရှိပါကြောင်း ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) မှ ဆက်လက်ပြီး ပြောကြားခဲ့ပါတယ်။

အိုမန်သည် ဂါဇာတွင် ဇီယွန်ဝါဒီအစိုးရ၏ ရန်လိုမှု အဆုံးသတ်ရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ဇီယွန်ဝါဒီအစိုးရသည် လွန်ခဲ့သော ခြောက်လအတွင်း ပါလက်စတိုင်းလူမျိုးများအပေါ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့ ကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြား ရေးဝန်ကြီး မှ  ဆက်လက်ပြီး ပြောကြားခဲ့ပါတယ်။

ဒီအခါသမယမှာ အိုမန်နိုင်ငံခြားရေးဝန်ကြီး အလ်ဘူစအီးဒီ မှ ဂါဇာကမ်းမြောင်ဒေသမှာ ဇီယွန်ဝါဒီအစိုးရ၏ ရာဇဝတ်မှုများ ကို အဆုံးသတ်ရေး ကြိုးပမ်းရာမှာ အီရန်နှင့် အိုမန် နိုင်ငံမှ ဆက်လက်ပူး ပေါင်းဆောင်ရွက်သွား မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251