အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام السجاد علیه السلام:
إيَّاكَ وَ اَلاِبْتِهَاجَ بِالذَّنْبِ فَإِنَّ اَلاِبْتِهَاجَ بِهِ أَعْظَمُ مِنْ رُكُوبِهِ .
အေမာမ် စဂျာဒ် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အကြင်မည်သူမဆို အပြစ်ဒုစရိုက် (ဂိုနဟ် ) ကျူးလွန်ပြီးနောက် ဝမ်းမြောက် ခြင်း ၊ ပီတိဖြစ်ခြင်း ကို မထုတ်ဖော်လေနှင့်။အကြောင်းသည်းကား အပြစ်ဒုစရိုက် (ဂိုနဟ်) လုပ်ပြီး ပီတိ ဖြစ်ခြင်းသည် ဤ ကျူးလွန် လိုက်သည့် ဂိုနဟ် ထက် ပို၍ ကြီးသည့် (ဂိုနဟ်) ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၅ ၊ စာမျက်နှာ ၁၅၉
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် အပြစ်ဒုစရိုက် (ဂိုနဟ်) လုပ်ပြီး ပီတိ မဖြစ်ဖို့ အလွန် အရေးကြီးပါတယ်။ ပီတိ မဖြစ်ရမည့် အပြင် ချက်ချင်း သောင်ဗဟ် ပြုနိုင်ဖို့ ဆဒ်ကဟ်ပေး နိုင်ဖို့ အထူး ကြိုးစားရမည် ဖြစ်ပါတယ်။ ယနေ့ ခေတ် တွင် ဂိုနဟ်များ ကျူးလွန်ကြပြီး နောင်တ ရ ၊ သံဝေဂ ယူရမည့် အစား ဂုဏ်ယူနေကြသူများ ရှိလာနေပြီး ဖြစ်ပါတယ်။ စာဖတ်သူအနေဖြင့် လည်း လက်ရှိ မိမိတို့ ၏ ပတ်ဝန်းကျင် အခြေအနေ ကို ပိုမို၍ သိမြင် တွေ့ ရှိနေပြီး သာ ဖြစ်ပါတယ်။
****************************************************************
END / 251