အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၉ ဧပြီ ၂၀၂၄

၁၉:၂၂:၀၄
1450289

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ မှ ဗုဒ္ဓဟူးနေ့ ဧပြီလ ၁၀ ရက်နေ့ သည် အီးဒ်ဒေဖေသွ်ရ် ဖြစ်ကြောင်း ကြေညာ

အကျော်အမော် ရှီအဟ်မရ်ဂျာများ မှ တစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ မှ ဗုဒ္ဓဟူးနေ့ ဧပြီလ ၁၀ ရက်နေ့ သည် အီးဒ်ဒေဖေသ်ွရ် ဖြစ်ကြောင်း ကြေညာ ချက် ထုတ်ပြန် ခဲ့ပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Fars သတင်းဌာန၏အဆိုအရ အီရတ် နိုင်ငံ နဂျဖ်ဖေအရှ်ရဖ် မြို့ တွင် သတင်းသုံးနေထိုင်နေသည့် အကျော်အမော် ရှီအဟ်မရ်ဂျာများ မှ တစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ရုံး မှ အီရတ် နိုင်ငံ  နှင့် အနီးတစ်ဝိုက်ရှိ ဒေသများ အတွက် ဟီဂျရီ ၁၄၄၅ခုနှစ် ၏ ရှောင်ဝါလ် လမြတ်  ၁ရက်နေ့ သည်  ဧပြီလ ၁၀ ရက်နေ့ ဗုဒ္ဓဟူးနေ့ ဖြစ်ပြီး အီးဒ်ဒေဖေသွ်ရ် နေ့ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဤကြေညာချက်၏စာသားတွင် အနန္တတန်ခိုးရှင် အလ္လာဟ်ဟို အရှင်မြတ် ၏အမည်ဖြင့် အစပြုပြီး ‌ရှောင်ဝါလ် လမြတ် ဆန်းဦးလ ကို တွေ့မြင်ရ ၍ ဟီဂျရီ ၁၄၄၅ခုနှစ် ၏ ရှောင်ဝါလ် လမြတ်  ၁ရက်နေ့ သည်  ဧပြီလ ၁၀ ရက်နေ့ ဗုဒ္ဓဟူးနေ့ သည် အီရတ် နိုင်ငံ နှင့် အနီးတစ်ဝိုက်ရှိ ဒေသများ အတွက် အီးဒ်ဒေဖေသွ်ရ် နေ့ ဖြစ်ကြောင်း ရေးသားထားပါတယ်။ ပြီးနောက် အနန္တတန်ခိုးရှင် အလ္လာဟ် ဟိုအရှင်မြတ်  ထံ ဤအီးဒ် သည်  မိုအ်မေနီးန် အားလုံး အတွက်  မိုဘာရတ်က် ဖြစ်စေရန် ဒိုအာ တောင်းကြောင်း ရေးသားထားပါတယ်။

ထိုပြင် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ ရုံး ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ရုံး ၊  ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာန်နီ ရုံး  ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမိုရှီးရာဇီးရုံး ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် ရှိုဗိုင်းရီ ဇန်ဂျာနီ ရုံး ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ စိုဗ်ဟာနီ ရုံး ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ  ဖယာဇ် နဂျာဖီ ရုံး တို့ မှလည်း ရှောင်ဝါလ် လမြတ်  ၁ရက်နေ့ သည်  ဧပြီလ ၁၀ ဖြစ်ကြောင်း အီးဒ်ဒေဖေသွ်ရ် နေ့ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ကြပါတယ်။

မိုအ်မေနီးန် ၊ မိုအ်မေနသ်များ အားလုံး အီးဒ် မိုဘာရတ်က်ပါ။မြန်မာပြည်ကြီးလည်း ဤ အီးဒ် ၏ ဆဒ်ကဟ် ဖြင့် အမြန် အေးချမ်းပြီး အစစအရာရာ တိုးတက် ပါစေ။

****************************************************************

END / 251