အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
ဗုဒ္ဓဟူးနေ့

၁၀ ဧပြီ ၂၀၂၄

၂၀:၂၄:၃၀
1450530

လက်နက်ကြီးကြောင့် မတ္တရာပြည်သူ ၄ ဦး သေဆုံး၊ ခင်ဦးတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က ဧပြီ ၁၀ ရက် မနက် ၈ နာရီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အောက်တောင်ကိုင်းရွာက ပြည်သူ ၄ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ သိရ​ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က ဧပြီ ၁၀ ရက် မနက် ၈ နာရီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အောက်တောင်ကိုင်းရွာက ပြည်သူ ၄ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ သိရ​ပါတယ်။

ရွှေကျောင်းကျေးရွာက စစ်ကောင်စီတပ်က ၈၁ မမ လက်နက်ကြီးနဲ့ ၅ ချက် ပစ်ခတ်တာကြောင့် အောက်တောင်ကိုင်းကျေးရွာထဲက နေအိမ်အပေါ်ကျပြီး နေအိမ်အတွင်းက မိသားစု ၃ ဦးနဲ့ မတ္တရာမြို့ အမှတ် ၂ က အမျိုးသားတဦး သေဆုံးခဲ့တာလို့ မတ္တရာမြို့နယ်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

“စစ်တပ်ဘက်က လက်နက်ကြီး ၅ လုံး ပစ်တာ။ အိမ်ပေါ်ကို တလုံးကျတော့ မိသားစု ၃ ဦး ထိမှန်ပြီး​ သေသွားတာပါ။ နောက်တယောက်က နွားနို့လာညှစ်တဲ့အမျိုးသား ထိမှန်ခဲ့တာပါ။ ကျေးရွာထဲက ကလေးတဦးလည်း ဒဏ်ရာရထားတာ ရှိပါတယ်။”

မတ္တရာမြို့နယ် အောက်တောင်ကိုင်းကျေးရွာက မဝင်းစန်း (၄၉ နှစ်)၊ မောင်ဖိုးသင်္ကြန် (၁၄ နှစ်) နဲ့ မောင်ရဲမင်းခန့် (၁၃ နှစ်) နဲ့ မတ္တရာမြို့ အမှတ် ၂ ရပ်ကွက်က အသက် ၆၆ နှစ်အရွယ် ဦးညွန့်ခင်တို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့၊ အောင်သီရိရပ်ကွက်မှာတော့ ဧပြီ ၉ ရက် ညနေ ၆ နာရီခွဲက ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ခင်ဦးမြို့ပေါ် နေ ပြည်သူတွေဆီက သိရပါတယ်။

အမည်မဖော်လိုတဲ့ ခင်ဦးမြို့ပေါ်နေ ပြည်သူတဦးက “အရင်ဆုံး မိုင်းစကွဲတော့ တိုက်ပွဲစဖြစ်ပြီလို့ ထင်နေတာ။ မိုင်းက ၄ လုံး၊ ၅ လုံးလောက် ရှေ့နောက် ပေါက်ကွဲတာ။ ကျနော်တို့လည်း ပေါက်ကွဲသံကြားကြားချင်း လုံခြုံတဲ့နေရာကို မိသားစုလိုက် ပုန်းနေကြရတယ်။ စစ်ကောင်စီတပ်ဘက်ကတော့ ပေါက်ကွဲသံကြားပြီး ခဏနေတော့ ရပ်ကွက်ထဲ စစ်သားတွေအများကြီး ရောက်လာတယ်။ မိုင်းကွဲတဲ့နေရာကလည်း ကျနော်တို့နဲ့ နည်းနည်းဝေးတော့ စစ်ကောင်စီ အထိအခိုက် အကျအဆုံး မသိရဘူး” လို့ ပြောပါတယ်။

အခုမိုင်းဆွဲတိုက်ခိုက်မှုကို ခင်ဦးမြို့နယ် Black Eagle အဖွဲ့က လုပ်ဆောင်ခဲ့တာလို့လည်း အဖွဲ့ခေါင်းဆောင် ကိုချမ်းက ပြောပါတယ်။

“အခုလို မိုင်းဆွဲနိုင်ဖို့ စကစရဲ့ နေစဉ် ပုံမှန်လှုပ်ရှားမှု အရင်ဆုံး တပတ်လောက် စောင့်ကြည့်ရတယ်။ သေချာမှ အခုလို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းထောင်တာက ပြည်သူနဲ့ လွတ်တဲ့နေရာ ၃ နေရာကနေ မိုင်းထောင် စောင့်တိုက်ခိုက်ခဲ့တာပါဗျ။ ၂ နေရာကတော့ မိုင်းမဆွဲခဲ့ရဘူး၊ တနေရာကတော့ မိုင်းဆွဲခဲ့ရတယ်။ အဲလို မိုင်းဆွဲခဲ့လို့ စကစ ၃ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ရသွားတယ်။ ဒီနေ့ ဧပြီ ၁၀ ရက် မနက်ခင်းကျတော့ ထိခိုက်ဒဏ်ရာရရှိတဲ့ ၃ ဦးထဲက တဦးသေတယ်။ ၂ ဦးကတော့ ဆေးကုနေရတယ်လို့လည်း သိထားရတယ်” လို့ DVB ကို ပြောပါတယ်။

အခုလို မိုင်းဆွဲတိုက်ခိုက်ပြီး စစ်ကောင်စီဘက်က ရမ်းသန်းပစ်ခတ်ခဲ့‌ပေမဲ့ ပြည်သူ့ကာကွယ်ရေး Black Eagle အဖွဲ့ဘက်က အထိအခိုက် မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

****************************************************************
END / 251