အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
ဗုဒ္ဓဟူးနေ့

၁၀ ဧပြီ ၂၀၂၄

၂၀:၂၆:၁၅
1450531

သထုံမြို့နယ်တွင် ကျောက်တင်ရထား မိုင်းဆွဲခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ဘူတာဘက်မှ ထွက်ခွာလာတဲ့ အတွဲ ၂၀ ပါ ကျောက်တင်ရထားတစင်း သထုံမြို့နယ်၊ တံတားဦးကျေးရွာ၊ သိမ်ဆိပ်ဘူတာနဲ့ ဒုံဝန်းဘူတာကြား သိမ်ဆိပ်ဘူတာအထွက်မှာ ဧပြီ ၁၀ ရက် မနက် ၇ နာရီ ၁၅ မိနစ်လောက်က မိုင်းဆွဲခံရတယ်လို့ မြန်မာ့မီးရထားဌာနက သိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ




မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ဘူတာဘက်မှ ထွက်ခွာလာတဲ့ အတွဲ ၂၀ ပါ ကျောက်တင်ရထားတစင်း သထုံမြို့နယ်၊ တံတားဦးကျေးရွာ၊ သိမ်ဆိပ်ဘူတာနဲ့ ဒုံဝန်းဘူတာကြား သိမ်ဆိပ်ဘူတာအထွက်မှာ ဧပြီ ၁၀ ရက် မနက် ၇ နာရီ ၁၅ မိနစ်လောက်က မိုင်းဆွဲခံရတယ်လို့ မြန်မာ့မီးရထားဌာနက သိရပါတယ်။

မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် ကျောက်တင်ရထားရဲ့ မိုင်းခံတွဲတတွဲ၊ စက်ခေါင်းတွဲတတွဲ၊ နားနေတွဲတတွဲ၊ ကျောက်တွဲတတွဲတို့ လမ်းချော်တိမ်းမှောက်ခဲ့တယ်လို့ ဆိုပါတယ်။

သထုံမြို့နယ်မှာ ကျောက်တင်ရထားတွေနဲ့ ရထားသံလမ်းတွေ မကြာခဏ မိုင်းခွဲခံရလေ့ ရှိတယ်လို့ မီးရထားဌာနနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

ဒေသခံတဦးက “လူတွေသွားဖို့ထက် ကားလမ်း၊ ရထားလမ်းတွေက စစ်လက်နက်သယ် စစ်သားပို့နေလို့ ဖြစ်မယ်၊ အခု မိုင်းဆွဲခံရတာ” လို့ ပြောပါတယ်။

အခုလိုအချိန်မှာ ရထားလမ်း မိုင်းဆွဲခံရတာကြောင့် မီးရထားလိုက်ပါစီးနင်းကြတဲ့ ရန်ကုန်-မော်လမြိုင် ခရီးသည်တွေဟာ စိုးရိမ်နေကြရတာပါ။

သင်္ကြန်ရုံးပိတ်ရက်မတိုင်ခင်အထိ ဧပြီ ၁၁ ရက်ကစတင်ပြီး အထူးရထားတွေ ပြေးဆွဲပေးသွားမှာဖြစ်ပြီး အထူးရထားတွေအနေနဲ့ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင် ခရီးစဉ်တွေ ပြေးဆွဲပေးသွားမယ်လို့ မီးရထားဌာနကနေ သိရပါတယ်။

ဒါ့အပြင် သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်မှ သင်္ကြန်အတက်နေ့ ၁၆ ရက်အထိ လူစီးရထားအားလုံး ပြေးဆွဲမှု ခေတ္တရပ်နားထားမယ်လို့ ဆိုပါတယ်။

****************************************************************
END / 251