အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
ကြာသပတေးနေ့

၁၁ ဧပြီ ၂၀၂၄

၂၀:၂၈:၂၉
1450655

တိုက်ကြီးစစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီးနောက် စစ်သင်တန်း ၂ ကျောင်းကို လုံခြုံရေးအပြည့် ချထား

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဖောင်ကြီး-တိုက်ကြီးကားလမ်းမှာ ယာဥ်စစ်ဆေးနေတဲ့အဖွဲ့ ဧပြီ ၁၀ ရက် နေ့လယ် ၂ နာရီခွဲက သေနတ်နဲ့ပစ်ခံရပြီးနောက် တိုက်ကြီးစစ်သင်တန်းကျောင်းနဲ့ မင်းကုန်းစစ်သင်တန်းကျောင်းကို လုံခြုံရေးအပြည့်ချထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဖောင်ကြီး-တိုက်ကြီးကားလမ်းမှာ ယာဥ်စစ်ဆေးနေတဲ့အဖွဲ့ ဧပြီ ၁၀ ရက် နေ့လယ် ၂ နာရီခွဲက သေနတ်နဲ့ပစ်ခံရပြီးနောက် တိုက်ကြီးစစ်သင်တန်းကျောင်းနဲ့ မင်းကုန်းစစ်သင်တန်းကျောင်းကို လုံခြုံရေးအပြည့်ချထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဖောင်ကြီး-တိုက်ကြီးသွားလမ်းမှာ ဧပြီ ၁၀ ရက် နေ့လယ်က စစ်ကောင်စီတပ်နဲ့ရဲတွေ ယာဥ်စစ်ဆေးနေစဥ် ယာဥ်တစီးပေါ်မှ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဖောင်ကြီးဒေသခံတဦးက ပြောပါတယ်။

"သေနတ်သံတွေကြားတော့ စခတ ၁ ထဲမှာ လေ့ကျင့်ရေးတွေ လုပ်နေတယ်ထင်တာ၊ နောက်မှသိရတာ ယာဥ်စစ်ဆေးတဲ့အဖွဲ့တွေ ပစ်ခံရတယ်ဆိုတာ သိတာ။ စစ်သားတွေရော၊ ရဲတွေရော လိုက်ရှာတာ၊ အများကြီးပဲထိတဲ့သူတွေရှိတယ် ကြားတယ်။"

ဒီနေ့မနက်မှာ ဖောင်ကြီး မင်းကုန်းအခြေစိုက် အမှတ် ၁ စစ်အခြေခံလေ့ကျင့်ရေးတပ်ရှေ့မှာရော ဘေးဝဲယာမှာ စစ်တပ်က လုံခြုံရေး အပြည့်ချထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ကြီးမြို့နယ် ဖောင်ကြီး-တိုက်ကြီးကားလမ်းမှာ မနေ့နေ့လယ်က ဖောင်ကြီးဘက်မှ မောင်းလာတဲ့ အငှားယာဥ်တစီးပေါ်ကနေ ယာဥ်စစ်ဆေးရေးအဖွဲ့တွေကို ပစ်ခတ်ခဲ့တာလို့ မှော်ဘီတပ်နယ်နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဒဏ်ရာရတဲ့သူတွေတော့ရှိတယ်၊ သေတော့မသေဘူး။ တကက ၁ ထဲက သင်တန်းသားတွေကြောက်နေလို့ နည်းပြတွေက လာပစ်တဲ့သူတွေကို မိထားတယ် ပြောသံကြားတယ်။"

လတ်တလောမှာ တိုက်ကြီးမြို့နယ် အခြေစိုက် အမှတ် ၁ တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာလည်း စစ်တပ်အင်အားအများအပြား လုံခြုံရေးယူထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မှာ စစ်မှုထမ်းသင်တန်းအပတ်စဥ် ၁ မစမီ မတ် ၃၀ ရက်မှာ အမှတ် ၁ တန်းမြင့်သင်တန်းကျောင်းမှာ စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့ တိုက်ကြီးမြို့ခံလူငယ်တဦး သေဆုံးခဲ့ပါတယ်။

****************************************************************
END / 251