အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
ကြာသပတေးနေ့

၁၁ ဧပြီ ၂၀၂၄

၂၀:၃၀:၃၃
1450656

ကျိုက်ထိုနှင့် အင်းစိန်တို့တွင် ယာဉ်တိုက်မှုဖြစ်ပြီး လူ ၁၅ ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ ရန်ကုန်၊ အင်းစိန်မြို့နယ်တို့မှာ ခရီးသည်တင်ကားတွေ ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး လူ ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ ရန်ကုန်၊ အင်းစိန်မြို့နယ်တို့မှာ ခရီးသည်တင်ကားတွေ ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး လူ ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်း၊ မိုင်တိုင်အမှတ် ၁၁၆/၇ ဖာလုံ၊ သံတံတားအနီးမှာ ဧပြီ ၁၁ ရက် မနက် ၆ နာရီ မိနစ် ၅၀ က သိန်းသန်းကျော် ခရီးသည်တင်ယာဉ်နဲ့ ဂက်စ်အိုးတင်ကားတို့ မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ကား ဘယ်ဘက်ရှေ့ခြမ်း ပျက်စီးသွားပြီး ဂက်စ်အိုးတင်ကားမှာ တိမ်းမှောက်သွားတဲ့အပြင် ဂက်စ်အိုးတွေ လမ်းပေါ်ပြုတ်ကျခဲ့ပါတယ်။

ယာဉ်တိုက်မှုနေရာကို ကျိုက်ထိုမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဘက်အသင်းတွေ ရောက်ရှိ ကယ်ဆယ်ခဲ့ကြပြီး ဒီယာဉ်တိုက်မှုမှာ လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

ရန်ကုန်၊ အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမ၊ အောင်‌ဆန်းဈေးမှတ်တိုင်မှာ ဧပြီ ၉ ရက်က ခရီးသည်တင် YBS 77 က‌ အရှိန်လွန် ဝင်တိုက်တာကြောင့် YBS 145၊ အိမ်စီးကား ၃ စီး ပျက်စီးသွားပြီး လူ ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အင်းစိန်မြို့နယ် ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူတဦးက “YBS 77 ကနေ ဝင်တိုက်တာ။ မှတ်တိုင်မှာရပ်ထားတဲ့ YBS တစီးရယ်၊ အိမ်ကား ၃ စီးရယ်၊ ကွမ်းယာဆိုင်ရယ်ပါ ဆင့်တိုက်သလိုဖြစ်တာ။ လူနာက ၁၅ ဦး ထွက်ပါတယ်။ ထိခိုက်တာက YBS ၂ စီးစလုံးမှာ အမျိုးသမီး ၁၀ ဦးနဲ့ အမျိုးသား ၅ ဦးပါ။ ယာဉ်မောင်းတွေတော့ ဘာမှမဖြစ်ဘူး” လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေကို အင်းစိန်ကြက်ခြေနီအသင်း၊ အရပ်ဘက်အသင်းတို့က ယာဉ်တွေနဲ့ အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။

****************************************************************
END / 251