အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
စနေနေ့

၁၃ ဧပြီ ၂၀၂၄

၂၀:၂၁:၄၁
1451028

ယခုနှစ် ရနောင်းသင်္ကြန်သို့ သွားရောက်သူ များပြား

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ နယ်စပ်ဂိတ်ကနေ ထိုင်းနိုင်ငံ ရနောင်းမြို့ သင်္ကြန်လည်ပတ်ဖို့ သွားရောက်သူတွေ ဒီနှစ်မှာ အများအပြားရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ နယ်စပ်ဂိတ်ကနေ ထိုင်းနိုင်ငံ ရနောင်းမြို့ သင်္ကြန်လည်ပတ်ဖို့ သွားရောက်သူတွေ ဒီနှစ်မှာ အများအပြားရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သင်္ကြန်အကြိုနေ့မတိုင်မီ ဧပြီ ၁၂ ရက်နေ့ကတည်းက ထိုင်းနိင်ငံ ရနောင်းမြို့ကို ၇ ရက် ဗီဇာလျှောက်ပြီး အလည်အပတ်ထွက်ခွာသူတွေ များတယ်လို့ ဆိုပါတယ်။

ကော့သောင်းမြို့ခံတယောက်က “ဒီနှစ်မှ လူပိုများတာ ထင်တယ်။ ဒီနေ့ မနက်ပိုင်းတင်မဟုတ်ဘူး၊ တနေကုန်များလိမ့်မယ်။ နေ့သင်္ကြန်မမီရင် ည သင်္ကြန်မီအောင် သွားကြတာ။ ဒီအရင်က သင်္ကြန်အကြိုဆို ရနောင်းမှာ သွားကဲကြတယ်။ အကျ၊ အကြတ်၊ အတက် ဆိုရင်‌‌ကိုယ့်မြို့မှာကိုယ် ပြန်လာကဲတာပါ” လို့ပြောပါတယ်။

နှစ်စဉ် င်္ကြန်အကြိုနေ့ရောက်တိုင်း ကော့သောင်းမြို့ခံပြည်သူတွေဟာ ထိုင်းနိုင်ငံ နယ်စပ်ဖြစ်တဲ့ ရနောင်းမြို့ကို အလည်အပတ်သွားရောက်လေ့ရှိပေမဲ့ အခုနှစ်မှာတော့ သွားလာသူတွေ သိသိသာသာ များနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 ရနောင်းမှာနေထိုင်တဲ့‌ ကော့သောင်းဒေသခံတယောက်က “ကော့သောင်းမှာ ရေကစားဖို့က သိပ်မရှိဘူးလေ။ ဒါကြောင့်ဒီဘက်မှာပဲ ရေလာကစားကြတာပါ” လို့ပြောပါတယ်။

စစ်ရေးတင်းမာနေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့မှာတော့ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို တိမ်းရှောင်လာတွေ အများအပြားရှိနေပြီး မဲဆောက်-မြဝတီချစ်ကြည်ရေး အမှတ် ၁ တံတားကိုတော့ ပုံမှန်အတိုင်း ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။


****************************************************************
END / 251