အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
စနေနေ့

၁၃ ဧပြီ ၂၀၂၄

၂၀:၂၃:၂၁
1451029

ရိုဇဟ်ထားသူများ ၏ အဆင့်အတန်း

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ရိုဇဟ်ထားသူများ ၏ အဆင့်အတန်း ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အေလာန်မွန်ဒ်ဒီးန် ဖီး ဆေဖာသိုလ်မိုအ်မေနီ ကျမ်း ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

إِنَّ فِي الْجَنَّةِ بَابًا يُقَالُ لَهُ: الرَّيَّانُ، يَدْخُلُ مِنْهُ الصَّائِمُونَ يَوْمَ الْقِيَامَةِ، لا يَدْخُلُ مِنْهُ أَحَدٌ غَيْرُهُمْ، يُقَالُ: أَيْنَ الصَّائِمُونَ؟ فَيَقُومُونَ لا يَدْخُلُ مِنْهُ أَحَدٌ غَيْرُهُمْ، فَإِذَا دَخَلُوا أُغْلِقَ فَلَمْ يَدْخُلْ مِنْهُ أَحَدٌ ۔

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

«  ဧကန်မုချ  ဂျန္နသ်သုခဘုံ တံခါးပေါက် တစ်ခု ရှိပါသည်။ ထိုတံခါးပေါက် အား ရိုင်းယာန်း ဟုခေါ်ပါသည်။ ကေယာမသ် နေ့ တွင် ရိုဇဟ်ထားသူများသာလျှင် ဤ တံခါးပေါက်မှ ဝင်ရောက် ရမည် ဖြစ်ပါသည်။ ၎င်းမှ အပအခြားမည်သူမှ ဤတံခါးမှတစ်ဆင့် ဂျန္နသ် သုခဘုံ သို့ဝင်ရောက်မည်မဟုတ်ပါ။ ကေယာမသ်နေ့တွင် ရိုဇဟ်ထား သူများဘယ်မှာလဲ ? ဟု ခေါ်သံထွက်လာမည်။ ပြီးနောက် ရိုဇဟ်ထားသူထကြမည်ဖြစ်ပါသည်။ ၎င်းတို့မှအပ အခြားမည်သူမှ ဂျန္နသ်သုခဘုံ သို့ ဝင်ရောက် ရမည် မဟုတ်ချေ။ အကယ်၍ ဝင်ရောက် မည်ဆိုလျှင်လည်း တံခါးပေါက် ပိတ်သွားမည် ဖြစ်ပါသည်။ ပြီးနောက် အခြားမည်သူမျှ (ဂျန္နသ်သုခဘုံ) သို့ ဝင်ရောက်ရမည်မဟုတ်ချေ။  »

ကျမ်းကိုး ။ ။ အေလာန်မွန်ဒ်ဒီးန် ဖီး ဆေဖာသိုလ်မိုအ်မေနီ ကျမ်း ၊ အတွဲ ၁  ၊ စာမျက်နှာ ၂၇၈

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့် ရိုဇဟ် ထားသူများ ၏ အဆင့်အတန်း ကို သိရှိရမည် ဖြစ်ပါတယ်။ ထိုပြင် ကျနော် အမိမြန်မာပြည်တွင် မှားနေသည့် သွန်သင်မှုတစ်ခု မှာ တရားတော်မှ သတ်မှတ်ထားသည့် အရွယ်ရောက် မိန်းကလေး ဖြစ်စေ ယောက်ကျားလေး ဖြစ်စေ အား  ရိုဇဟ် ရက်အပြည့် ၂၉ ရက် (သို့) ၃၀ ရက် အပြည့် ထားရမည် ဖြစ်ပါတယ်။ ရက်အပြည့် မရလဲ? ရသလောက် ထားလိုက်ဆိုသည့် သွန်သင်မှုသည် မှားယွင်းနေပါတယ်။ ရိုဇဟ် အား တရားတော် မှ သတ်မှတ်ထားသည့် အချိန်မှ စ၍ သေဆုံးသည့် အချိန် အထိ လမြတ်ရမ်တွာန် ရောက်တိုင်း ရိုဇဟ်ထားရန် ဝါဂျစ်ဗ် ဖြစ်ပါတယ်။ ရိုဇဟ်မည်သည့် အချိန် တွင် မထားရမည့် အကြောင်း ၊ ကဇွာထားရမည့် အကြောင်း ၊ ဖစ်ဒီယဟ် ပေးရမည့် အကြောင်းစသည် ဖြင့် ဓမ္မသတ်ဆိုင်ရာ ကျမ်းများတွင် အသေးစိတ် ဖော်ပြထားပြီးဖြစ်ပါတယ်။

 

****************************************************************

END / 251