အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၃ ဧပြီ ၂၀၂၄

၂၀:၂၆:၀၈
1451033

အီရန် ဒေသစံတော်ချိန် ည ၁၁ နာရီ ကျော် မှ စ၍

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ မှ နယ်ချဲ့ အစ္စရေး အား တန်ပြန် တိုက်ခိုက်မှုကို စတင်

နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီမီဒီယာများက အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သည် မိမိတို့ အစ္စရေးအား တန်ပြန်တိုက်ခိုက်နေသည်ဟု အခိုင်အမာဆိုလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency  သတင်း အထောက်အထား များအရ နယ်ချဲ့ အစ္စရေး ဇီယွန်နစ်ရေဒီယို နှင့် ရုပ်မြင်သံကြားအဖွဲ့ မှ အစ္စရေး နှင့် အမေရိကန်အရာရှိများကို ကိုးကား၍ အီရန် နိုင်ငံ မှ ဒရုန်း ဖြင့် တိုက်ခိုက်ခြင်းကို စတင်လိုက်ပြီး ကြောင်း ပြောပြထားပါတယ်။

ဤကိစ္စ နှင့် ပတ်သက်၍ အီရန် ၏ မောင်းသူမဲ့လေယာဉ်အများအပြားသည် ဝေဟင် ၌ အမြင့်ကြီး မဟုတ်ဘဲ နိမ်နိမ်လေး တွင် ပျံသန်းနေကြောင်း ပြသဓာတ်ပုံများ ထွက်ပေါ်လာကြောင်း သိရှိရပါတယ်။

ဤအကြောင်း နှင့် ပတ်သက်၍ ဟီဘရူး မီဒီယာ သတင်းဝက်ဘ်ဆိုက် Walla နှင့် Axios တို့က နယ်ချဲ့ အစ္စ‌ရေးတို့ သိမ်းပိုက်ထားသော ပါလက်စတိုင်းအား အီရန် နိုင်ငံ မှ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခြင်း စတင်လိုက်ပြီး ဖြစ်ကြောင်း အမေရိကန် နှင့် အစ္စရေးတာဝန်ရှိသူများကို ကိုးကားပြီး ပြောကြားခဲ့ပါတယ်။

နယ်ချဲ့ အစ္စရေး ဇီယွန်နစ်  မီဒီယာသည် Hanzalah ဟက်ကာအဖွဲ့မှ မိမိ တို့ အစိုးရ၏ ရေဒါများကို ဟက်ကာပြုလုပ်ခဲ့သည့် သတင်းကိုလည်း ဖော်ပြခဲ့ကြပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံပိုင်မီဒီယာ ၏ အတည် ပြုခြင်း

နယ်ချဲ့ အစ္စရေး ဇီယံန် အစိုးရ သိမ်းပိုက်ခံထားရသော ပါလက်စတိုင်းရှိ ပါအစ္စရေး တပ်စခန်းများကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုများ စတင်နေပြီဟု  အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် မှ တရားဝင် အတည်ပြုခဲ့ပါတယ်။

နယ်ချဲ့ အစ္စရေး ဇီယွန်နစ် လေပိုင်နက်ကို ပိတ်ထား

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ မောင်းသူမဲ့ လေယာဉ် များ ၏ တိုက်ခိုက်မှု ကြောင့်  နယ်ချဲ့ အစ္စရေး လေကြောင်း ပိုင်နက် ကို မနက် ၇ နာရီ အထိ ပိတ်ထားကြောင်း သိရှိရပါတယ်။

နယ်ချဲ့ အစ္စရေး ဇီယွန်စစ်တပ် ရေဒီယိုက အီရန်၏တိုက်ခိုက်မှုသည် ဒရုန်းများအထိ သာမဟုတ်ဘဲ ခရုဇ်ဒုံးကျည်ပုံစံဖြင့်သာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောကြားထားပါတယ်။

တစ်ဖက်တွင်မူ နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက အစ္စရေးစစ်တပ်သည် တိုက်ခိုက်မှုကို တိုက်ဖျက်ရန် အဆင်သင့်ရှိကြောင်းနှင့် ယင်းကိစ္စနှင့် ပတ်သက်၍ အမေရိကန်ထံမှ အကူအညီကို တောင်းခံထားကြောင်း ပြောကြားခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်၏ ထုတ်ပြန်ချက်

ဆီးရီးယားရှိ အီရန်သံရုံးကို တိုက်ခိုက်ခြင်းနှင့် စစ်ရေးအကြံပေး အများအပြားကို သတ်ဖြတ်ခြင်းအတွက် လက်တုံ့ပြန်သည့်အနေဖြင့် အီရန်က အစ္စရေးကို ဒရုန်းများနှင့် ဒုံးကျည် ဒါဇင်ပေါင်းများစွာဖြင့် တိုက်ခိုက်ခဲ့ ကြောင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် မှ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

****************************************************************

END / 251