အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၄ ဧပြီ ၂၀၂၄

၁၀:၂၇:၂၅
1451188

အီရန်၏ ဒုံးပျံ နှင့် ဒရုန်းများကြောင့် နယ်ချဲ့ အစ္စရေး Navatim လေတပ် စခန်းကို ပြင်းထန်စွာ ထိခိုက် ပျက်စီး စေခဲ့

အီရန်၏ ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကြောင့် ဇီယွန်အစိုးရ၏ "Nawatim" လေတပ်စခန်းအား ဆိုးရွားစွာ ပျက်စီးစေခဲ့ကြောင်း နယ်ချဲ့ အစ္စရေး အစိုးရ ဇီယွန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိ သူမှ ဝန်ခံလိုက်ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းဌာန ၏ သတင်း အထောက်အထားများ အရ အီရန်၏ ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကြောင့် ဇီယွန်အစိုးရ၏ Nawatim လေတပ်စခန်းအား ဆိုးရွားစွာ ပျက်စီးစေခဲ့ကြောင်း သိရှိရပါတယ်။

အလ်မယာဒီးန် သတင်းချန်နယ်၏ အဆိုအရ IRGC (ခ) အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်  ၏ ဒုံးကျည် တိုက်ခိုက်မှုကြောင့် သိမ်းပိုက်ခံထားရသော နယ်မြေများ၏ တောင်ဘက်ရှိ "Nawatim" စစ် အခြေစိုက် စခန်း သည် ပြင်းထန်စွာ ပျက်စီးခဲ့ကြောင်း ဇီယွန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက ဝန်ခံခဲ့ပါတယ်။

အလ်မယာဒီးန် သတင်းချန်နယ် မှဆက်လက် ပြီး ဇီယွန်အစိုးရ၏ စစ်စခန်းများနှင့် လေဆိပ်များကို အီရန်မှ မောင်းသူမဲ့လေယာဉ်နှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်ပြီးနောက် မီးလောင်မှု ဖြစ်ပွားခဲ့သည့် ဓာတ်ပုံ အများအပြား ကို လွှင့်တင်ခဲ့ပြီး ထိုနေရာများတွင် ပေါက်ကွဲမှုများ အကြီးအကျယ် ဖြစ်ပွားခဲ့ကြောင်း အစ္စရေးကို တိုက်ခိုက်ရာတွင် IRGC (ခ) အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်  သည် ဒရုန်း ၁၈၅ စင်း၊ ခရုဇ်ဒုံးကျည် ၃၆ စင်းနှင့် မြေပြင်မှ မြေပြင်ပစ် ဒုံးကျည် ၁၁၀ လုံးကို အသုံးပြုခဲ့သည်ဟု ဇီယွန်ဝါဒီအာဏာပိုင်များ ကို ကိုးကား၍ New York Times က ဖော်ပြထားပါတယ်။

လတ်တလော သတင်းအရ မိမိတို့ အား ခရုဇ်ဒုံးကျည် ၂စင်းသာ ထိမှန်ခဲ့ကြောင်း အစ္စရေး နှင့် အမေရိကန် မှ ဝန်ခံထားပါတယ်။ ပြီးနောက်အစ္စရေး စစ်တပ် မှလည်း  မိမိတို့အနေဖြင့် အီရန်  ဒုံးများကို ယခင်လို အပြည့်အဝ ခုခံနိုင်စွမ်းမရှိတော့ကြောင်း ဝန်ခံ ထားပါတယ်။

****************************************************************

END / 251