အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
တနင်္ဂနွေနေ့

၁၄ ဧပြီ ၂၀၂၄

၂၀:၂၂:၄၂
1451381

ကျိုက်ထိုတွင် ရွာဈေးဆိုင်တန်း မီးလောင်၊ မီးရှို့သူ အမျိုးသား သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာဘူတာက ဈေးဆိုင်ခန်းတွေကို ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ အမျိုးသားတယောက်က မီးရှို့ခဲ့ပြီး သူပါ မီးလောင် သေဆုံးခဲ့တယ်လို့ ကျိုက်ထို မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာဘူတာက ဈေးဆိုင်ခန်းတွေကို ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ  အမျိုးသားတယောက်က မီးရှို့ခဲ့ပြီး သူပါ မီးလောင် သေဆုံးခဲ့တယ်လို့ ကျိုက်ထို မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။

အရက်ကြောင်နေတဲ့ အမျိုးသားဟာ ကျိုက္ကသာကျေးရွာဘူတာက သူ ပိုင်တဲ့ ဈေးဆိုင်ခန်းတခုကို ဧပြီ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲလောက်မှာ မီးရှို့ခဲ့တာကြောင့် တခြား ဈေးဆိုင်တန်းတွေကို မီးကူးစက်ခဲ့တဲ့အပြင် သူလည်း သေဆုံးခဲ့တာပါ။

ကျိုက်ထိုမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တယောက်က “ပိုင်ရှင်အမျိုးသားက အရက်ကြောင်ကြောင်ပြီး မီးရှို့လိုက်တာပါ။ ကျိုက္ကသာဘူတာရှေ့က အိမ်ဈေးဆိုင်တန်း သေးသေးလေးပါပဲ။ ဘေးနားမှာလည်း ၂ ဆိုင်လောက်ပဲရှိပြီး အဲဒါတွေပါ မီးစွဲသွားတာ။ လေဖြတ်နေတဲ့ သူ့အမျိုးသမီးကို ကယ်လို့ရနိုင်ပေမယ့် သူက မီးစွဲနေလို့ ကယ်ထုတ်လို့မရခဲ့ပါဘူး” လို့ ပြောပါတယ်။

မီးလောင်မှုဖြစ်တဲ့နေရာကို ကျိုက်ထိုမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီး၊ ကျိုက္ကသာနယ်မြေ မီးသတ်စခန်းက မီးသတ်ယာဉ် ၂ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။

****************************************************************
END / 251