အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၅ ဧပြီ ၂၀၂၄

၁၅:၄၉:၂၄
1451531

အီရန်၏ ဆက်လက် တိုက်ခိုက်မည့် ကို စိုးရိမ်မှု မရှိတော့ဟု သိပြီးနောက် နယ်ချဲ့ အစ္စရေးမှ ဂါဇာကို ယနေ့ ထပ်မံ တိုက်ခိုက်ခဲ့

အီရန်၏ ဆက်လက် တိုက်ခိုက်မည့် ကို စိုးရိမ်မှု မရှိတော့ဟု သိပြီးနောက် နယ်ချဲ့ အစ္စရေးမှ စစ်လေယာဉ်များ သည် ယနေ့ တနင်္လာနေ့ တွင် ဂါဇာကမ်း မြောင်ဒေသ အသီးသီးကို ဆက်လက် တိုက်ခိုက်ခဲ့ ပါတယ်။ ဤ တိုက်ခိုက် မှု ကြောင့် ပါလက်စတိုင်းသား သောင်းနှင့်ချီပြီး ဒဏ်ရာရ ရှဟီးဒ် ဖြစ်ခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်း အထောက်အထားများအရ ဇီယွန်ဝါဒီအစိုးရ၏ စစ်လေယာဉ်များက ဂါဇာရှိ လူနေအိမ် များ၊ ဒုက္ခသည်များ အခြေချနေထိုင်ရာ လမ်းများနှင့် လမ်းများကို တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း သောင်းနှင့်ချီ ရှဟီးဒ် ဖြစ် ဒဏ်ရာရရှိခဲ့ကြောင်း ဝမ်းနည်းစွာ တင်ပြအပ်ပါတယ်။

သတင်းအထောက်အထားများ အရ အရှေ့တောင်ပိုင်း ခန်းယူနွစ် (Khan Yunis ) ၏ အလ်ခဖါရီ (al-Khafari _ ကာလူနီ ရှိ နေအိမ် တစ်လုံးကို နယ်ချဒဲ့ အစ္စရေး ဇီယွန် စစ်လေယာဉ်များက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး နယ်ချဲ့ အစ္စရေးတပ်ဖွဲ့များသည် မြောက်ပိုင်း အလ်နိုစီရသ် (al-Nusirat ) နှင့် အရ်ဇိုလ် မွတ်ဖ်သာ (Ariz al-Mufti ) ဒေသများနှင့် အနောက်မြောက်ဘက်ရှိ အလ်ဂျဒီးဒ် (al-Jadeed )  စခန်း ၏ အချက် အချာ ကို ပစ်မှတ် ထားတိုက်ခိုက်ခဲ့ ကြပါတယ်။

အရှေ့တောင်ပိုင်း ခန်းယူနွစ် (Khan Yunis ) ၏  အလ်မနာရဟ် (al-Manara ) ရပ်ကွက်ရှိ စိုက်ပျိုးမြေတစ်ခုကို ဇီယွန်ဝါဒီတပ်များက တိုက်ခိုက်ခဲ့ပြီး ပါလက်စတိုင်းငါးဦးကို ဒဏ်ရာရအောင် လုပ်ခဲ့ကြပါတယ်၊ ပြီးနောက် နယ်ချဲ့ အစ္စ‌ရေး  ဇီယွန်အစိုးရသည် ဂါဇာအရှေ့တောင်ပိုင်းကို ပစ်မှတ်ထား၍ ပြင်းထန်စွာ ပစ်ခတ် တိုကခိုက်ခဲ့ ပါတယ်။

နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီစစ်တပ်၏ စစ်လေယာဉ်များသည် ဂါဇာအလယ်ပိုင်းရှိ အလ်နိုစီရသ် (al-Nusirat ) စခန်းအနီးရှိ စီးပွားရေးစင်တာတစ်ခုကို တိုက်ခိုက်ခဲ့ပါတယ်။ စာရင်းဇယားများအရ အောက်တိုဘာ ၇ ရက်မှစပြီး ဂါဇာကမ်းမြောင်ဒေသတွင် နယ်ခချဲ့ ဇီယွန်ဝါဒီအစိုးရ၏ တိုက်ခိုက်မှုများတွင် ပါလက်စတိုင်းလူမျိုး ၂၀၃၇၂၉ ဦး ရှဟီးဒ် ဖြစ် (သေဆုံး) ခဲ့ကြ ပြီး ၇၆၃၇၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အလွန် ဝမ်းနည်း ဖွယ် သိရှိရ ပါတယ်။

ယခုအချိန် အထိ ဖျက်စီးသွားသည့် အဆောက်အဦးများ နေအိမ်များ စသည် တို့ အောက်တွင် ရှဟီးဒ် ဖြစ် (သေဆုံးသူ) အများအပြား ရှိနေကြောင်း သိရှိရပါတယ်။

****************************************************************

END / 251