အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၅ ဧပြီ ၂၀၂၄

၁၅:၅၁:၂၈
1451533

အီရန်၊ ဟားမတ်စ် နှင့် ဟစ်ဇ်ဘွလ္လာဟ် တို့သည် မိမိတို့ကို အနိုင်ယူခဲ့ ကြောင်း နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုးရ ဝန်ခံ

အီရန်၊ ဟားမတ်စ် နှင့် ဟစ်ဇ်ဘွလ္လာဟ် တို့ အား မိမိတို့ ရှုံးနိမ့် ခဲ့ ကြောင်း နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုးရ ၏ ပညာရေး ဝန်ကြီး မိုက်ကီး ဇူဟာရ် (Miki Zohar ) မှ ဝန်ခံ ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်း အထောက်အထားများအရ နယ်ချဲ့ အစ္စရေး ဇီယွန်အစိုးရ၏ ပညာရေးဝန်ကြီး  မိုက်ကီး ဇူဟာရ် (Miki Zohar ) မှ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ တန်ပြန်တိုက်ခိုက်မှုသည် အလွန်အားကောင်းကြောင်း မိမိ တို့အား အဆက်မပြတ် တိုက်ခိုက်နေသည့် ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့ကိုလည်း ရှုံးနိမ့်ခဲ့ပြီး မြောက်ပိုင်းဒေသမှ ဒေသခံများ သည် လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း ဝန်ခံပြောကြား ခဲ့ပါတယ်။

နယ်ချဲ့ အစ္စရေး ပညာရေး ဝန်ကြီး၏ ဤ ဝန်ခံ ချက်သည် အီရန် ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ဆုံးရှုံးမှုများကို နယ်ချဲ့ ဇီယွန်ဝါဒီများက အတည်ပြုကြောင်း နယ်ချဲ့ အစ္စရေး ရုပ်မြင်သံကြားလိုင်း  ဖိုတီးန် (Fourteen ) မှ အီရန်၏ တိုက်ခိုက်မှုကြောင့် များစွာ ထိခိုက်နစ်နာစေကြောင်း မိမိတို့၏ အစီရင်ခံစာတွင် ဖော်ပြသည့်အချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

ဖိုတီးန် (Fourteen ) ရုပ်သံလိုင်း မှ  မိမိ တို့တွင် တကယ့်ရုပ်ပုံများနှင့် ဗီဒီယိုဖိုင်များရှိသည်ဟု ဆိုသော်လည်း နယ်ချဲ့ အစ္စရေးအစိုးရသည် ပြင်းထန်စွာ ဆင်ဆာဖြတ်တောက်ထားပြီး အီရန်တိုက်ခိုက်မှုကြောင့် ပျက်စီးသွား သော ဓာတ်ပုံများကို မီဒီယာများကို ထုတ်လွှင့်ခြင်းမပြုရန် အမိန့်ထုတ်ထားကြောင်း သိရှိရပါတယ်။

ဤကိစ္စများ ကို ဘီဘီစီ ၊ ဗီအိုအေ သတင်းဌာနများသည် လည်း မတင်ပြကြချေ။ ဘီဘီစီ ဗီအိုအေ သည် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အတွင်း အစိုးရအား မကျေသူပုန်ကန်သူ ပြဿနာ ရှာသူ အလွန် လူအနည်းစုကို သာ ခဏခဏ သတင်းခေါင်းစဥ်လုပ် ပြသ ထုတ်လွှင့်ပြီး တနိုင်ငွလုံးနီးပါး ထောက်ခံမှုများ အားပေးမှုများကိုဆိုလျင် ဆင်ဆာဖြတ်တောက်ပြီး မထုတ်လွှင့်ပေးနေကြသည့် ဘက်လိုက်  မီဒီယာ များ ဖြစ်ကြ ပါတယ်။

ဤအတွက်ကြောင့် မြန်မာစာဖတ်ပရိတ်သတ် အများစု သည် အီရန် နိုင်ငံ နှင့်ပတ်သက်လျင် အားနည်းချက် အပြစ်များကို  စွပ်စွဲချက်များ လုပ်ကြံချက်များ ကို သာ အများစု သိရှိကြပြီး သတင်းစစ် သတင်း မှန်  များ နှင့် အီရန် ၏ အားသာချက် နှင့် တိုးတက်ချက်များ အောင်မြင်ချက်များ ကို အများစု မသိရှိ ကြခြင်း ဖြစ်ပါတယ်။

ထိုပြင် သိရှိသူများမှလည်း မိမိတို့သိရှိသည့် သတင်း စစ် သတင်းမှန်များ နှင့် အီရန် ၏ အားသာချက် နှင့် တိုးတက်ချက်များ အောင်မြင်ချက်များ ကို အများ သိအောင် ဝေမျှပေးခြင်း ရှယ်ပေးခြင်း များ မပြုသည့် အတွက် ကြောင့်လည်း ဖြစ်ပါတယ်။

****************************************************************

END / 251