အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၆ ဧပြီ ၂၀၂၄

၀၈:၅၁:၄၄
1451735

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် နှင့် အီရန် နိုင်ငံခြားရေး ဝန်ကြီး တယ်လီဖုန်း ဖြင့် စကားပြောဆို

ကုလသမဂ္ဂ ၏ လုံခြုံရေးကောင်စီ ၏ တာဝန် ပျက်ကွက် မှု ကြောင့် အီရန်သည် အစ္စရေးကို တိုက်ခိုက်ရန် မဖြစ်မနေ အခြေအနေသို့ ရောက်ခဲ့ရ ကြောင်း အီရန် နိုင်ငံခြား ဝန်ကြီး မှ ပြောကြား

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး မှ ကုလသမဂ္ဂ ၏ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) နှင့် တီလီဖုန်းနှင့် စကားပြောကြားချိန် ကုလသမဂ္ဂ ၏ လုံခြုံရေးကောင်စီ ၏ တာဝန် ပျက်ကွက်မှု များကို ထောက်ပြပြီး ကုလသမဂ္ဂ ၏ လုံခြုံရေးကောင်စီ ၏ တာဝန် မကျေ တာဝန် ပျက်ကွက်မှုကြောင့် မိမိတို့ ကိုယ်တိုင် အစ္စရေးကို အရေးယူရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အဆိုအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) (Dr Amir Abdullahian )  မှ မကြာသေးမီ ရက်ပိုင်းအတွင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အနေဖြင့် ဇီယွန်အစိုးရအား မိမိတို့ တိုက်ခိုက်ခဲ့ကြောင်း ကုလသမဂ္ဂ ၏ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) နှင့်  တီလီဖုန်း ဖြင့်ပြော ကြား ဆွေး‌နွေး ခဲ့ကြောင်း သိရှိရပါတယ်။

ဤပြောဆိုမှု တွင် ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) မှ မိမိတို့ အီရန် နိုင်ငံ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှုကို လုပ်ဆောင်နိုင်ပေမဲ့ ဆီးရီးယားမှာရှိတဲ့ မိမိတို့၏ သံရုံးကို တိုက်ခိုက်ခဲ့တဲ့ နေရာတွေကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန် နိုင်ငံရေ ဝန်ကြီး မှ ဆက်လက်ပြီး အစ္စရေး ၏ ဆီးရီးယား ရှိ အီရန်သံရုံးကို တိုက်ခိုက်ပြီးနောက် လုံခြုံရေးကောင်စီက ထိထိရောက်ရောက် အရေးယူဖို့ ပျက်ကွက်ခဲ့သည့် အတွက် ကြောင့် မိမိတို့ အီရန်ဟာ မိမိ ကိုယ့်ကို ကာကွယ်ရေးအခွင့်အရေးအရ အစ္စရေးကို အရေးယူဖို့ ဆုံးဖြတ်ပြီး လုပ်ဆောင် ခံရကြောင်း ပြောကြား ခဲ့ပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေသည်  မိမိ တို့အတွက် အရမ်းအရေးကြီးကြောင်း နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီ အစိုးရသည် ပါလက်စတိုင်းများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ဆိုသည့် ရာဇဝတ် မှုကို  ကျူးလွန် ခဲ့တာ ခြောက်လတာ ကြာလာပြီး ဖြစ်ကြောင်း ဒီလို ရာဇဝ်မှုအား နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်အချိန်မှာ အရေးယူမလဲ ? ဆိုတာ သိလိုကြောင်း အီရန် နိုင်ငံရေ ဝန်ကြီး မှ ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ၏ အပစ်အခတ်ရပ်စဲရေး နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဆောင်ရွက်မှုများ ကို မိမိတို့ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ မှ  ကြိုဆိုပြီး  ကုလသမဂ္ဂ၏ လုပ်ရပ်များ ကို မိမိတို့ အီရန် အနေဖြင့်  ထောက်ခံကြောင်း ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) မှ ဆိုခဲ့ ပါတယ်။

စကားပြောဆိုမှုအတွင်း သံတမန်ရေးရာဌာနများ သည် ကုလသမဂ္ဂ ပဋိညာဉ် စာချုပ်အရ လုံခြုံရေးတာဝန် ရှိသည်ဟု ကုလသမဂ္ဂ ၏ အတွင်းရေးမှူးချုပ်  အန်တိုနီယိုဂူတာရက်စ် (Antonio Guterres)  ပြောကြားခဲ့ပါ တယ် ။ ပြီးနောက်  အစ္စရေး ၏ တိုက်ခိုက်မှုကို ကုလသမဂ္ဂ မှ  ရှုတ်ချ ကြောင်း ကိုလည်း ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ ၏ အတွင်းရေးမှူးချုပ်  အန်တိုနီယိုဂူတာရက်စ် မှ ဆက်လက်ပြီး ဒေသတွင်း တင်းမာမှုများ တိုးမြင့်လာမှုကို တားဆီးရန် မည်သည့် တန်ပြန် အရေးယူမှုမျိုးမှ အစ္စရေး မှ မပြုလုပ်ရန် ရှောင်ကြဉ်ရန် အစ္စရေး ထံ တောင်းဆို ထား ကြောင်း ကိုလည်း ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251