အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၆ ဧပြီ ၂၀၂၄

၀၉:၂၁:၀၂
1451739

အီရန် နိုင်ငံခြားရေးဝန်ကြီး နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီး တယ်လီဖုန်းဖြင့် စကားပြောဆို

အစ္စရေး နောက်တစ်ခါ အမှား ထပ်လုပ်ရင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ မှ ချက်ချင်းတုံ့ပြန်မှာ သေချာ ပေါက် ဖြစ် ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး မှ ပြောကြား

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) မှ မိမိ နှင့် ရာထူးတူ တရုတ် နိုင်ငံခြားရေးဝန်ကြီး နှင့် တယ်လီဖုန်းဖြင့် စကားပြောဆို ချိန် အီရန် ၏ ပိုင်နက် အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများကို အီရန် အနေဖြင့် ချက်ချင်း ပြတ်ပြတ်သားသား တုံ့ပြန် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အဆိုအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) (Dr Amir Abdullahian )  သည် မိမိ နှင့် ရာထူးတူ  တရုတ်နိုင်ငံခြားရေးဝန်ကြီး  ဝမ်ယိ (Wang Yi)  နှင့် တယ်လီဖုန်းခေါ်ဆိုခဲ့ပြီး ဒေသတွင်း နောက်ဆုံး အခြေအနေများ ကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) မှ ဆီးရီးယားရှိ အီရန်သံရုံးကို နယ်ချဲ့ အစ္စရေးက တိုက်ခိုက်ခဲ့ ကြောင်းနှင့် အီရန်၏ တုံ့ပြန်မှု နှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi)  ထံ အကြောင်း ကြားခဲ့ပါတယ်။

နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုးရ၏  တာဝန်မဲ့ လုပ်ရပ်မျိုး ထပ်၍ ဖြစ်လာရင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အနေဖြင့် ချက်ချင်းနှင့် ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ အမေရိကန်ကို လည်း  ရှင်းရှင်း လင်းလင်း ပြောကြားခဲ့ ကြောင်း ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) မှ ဆက်လက်ပြောကြားခဲ့ပါတယ်။

ဤ တယ်လီဖုန်း ဖြင့် စကား ပြောဆို ချိန်တွင် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi)  မှ အစ္စရေးနိုင်ငံ ဘက်မှ အီရန် သံရုံးကို တိုက်ခိုက်ခြင်းသည် နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်နှင့် အနောက်နိုင်ငံများ မှ ဟိုတစ်မျိုးဒီတစ်မျိုး မူဝါဒကို ကျင့်သုံးနေချိန်မှာ လုံခြုံရေးကောင်စီမှာ  မိမိတို့ အနေဖြင့် အီရန်၏ ရပ်တည်ချက်ကို ထောက်ခံကြောင်း ဝမ်ယိ (Wang Yi)   မှ ဆက်လက် ပြောကြားခဲ့ ပါတယ်။

****************************************************************

END / 251