အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
အင်္ဂါနေ့

၁၆ ဧပြီ ၂၀၂၄

၂၀:၂၇:၅၇
1451915

ဟရာမ် တိရစ္ဆာန်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများမှ ထုတ်လုပ်ထားသော ခရင်မ် ကို အသုံးပြုခြင်း

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ မှ ဟရာမ် တိရစ္ဆာန်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများမှ ထုတ်လုပ်ထားသော ခရင်မ် ကို အသုံးပြုခြင်း ကိစ္စ နှင့်ပတ်သက် သည့် ရရှီအီ ဥပဒေ ကိစ္စနှင့် ပတ်သက် သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။


 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency  ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ  မှ ဟရာမ် တိရစ္ဆာန်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများမှ ထုတ်လုပ်ထားသော ခရင်မ် ကို အသုံးပြုခြင်း  ကိစ္စ  နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ  ထံမေးထား  သည့် အမေး နှင့် အဖြေမှာ အောက်ပါအတိုင်းဖြစ်တယ်။

မေးခွန်း

ဟရာမ် ငါး ၏ ကိုယ်ခန္ဓာ အစိတ်အပိုင်း ကို အသုံးပြုထားသည့် ခရင်မ်မျိုး (သို့မဟုတ် ဆပ်ပြာနှင့် အခြား အလားတူအရာများ) ကို အသုံးပြုခြင်းအတွက် တရားတော် မှ မည်ကဲ့သို့ အမိန့် လာရှိသနည်း?  

အဖြေ

သွေးပန်းမထွက်သည့် တိရစ္ဆာန် (အကယ်၍ ဟရာမ် တိရစ္ဆာန် ၏ အသား  ဖြစ်စေ ရှရီအသ် နှင့်အညီ လည်လှီးဖြတ်ထားခြင်း မရှိသည့် တိရစ္ဆာန် ဖြစ်စေ ) ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းနှင့်  ပြုလုပ်ထားသည့်  ထုတ်ကုန်များသည် နဂျစ် မဟုတ်သော်လည်း နမာဇ် ဝတ်ပြုနေသည့် အခြေအနေတွင် ၎င်းတို့၏အသုံးပြုမှုကို ခွင့်မပြုထားချေ။ ထိုအတွက်ကြောင့် ဟရာမ် တိရစ္ဆာန် ၏ ကိုယ်ခန္ဓာ အစိတ်အပိုင်း ဖြင့် ပြုလုပ်ထားသည့် ထုတ်ကုန် ဟုသိရလျင် နမာဇ် အတွက် ဤကဲ့သို့ ခရင်မ် နှင့် အခြားထုတ်ကုန်များ ကို ဖယ်ရှား ရန် (ဆေးကြောရန် ) အရေးကြီးပါသည်။ အကယ်၍ ထိုခရင်မ် စသည်သည် အသားထဲစိမ့်ဝင်သွားပြီး ဘာ မှ မကျန်တော့သည့် အခါ ဆိုလျင် ပြဿနာ မရှိပေ။ ပြီးနောက် ဤ နေရာကို လည်း ဆေးကြောရန် အရေးမကြီးချေ။

 

မှတ်ချက်  ။ ။ ဟရာမ် တိရစ္ဆာန်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများမှ ထုတ်လုပ်ထားသော ခရင်မ် ကို အသုံးပြုသူ အမျိုးသားအမျိုးသမီးတိုင်း အထူး သတိရှိသင့်ပါတယ်။ အကောင်းတကာ အကောင်းဆုံးကတော့ ခရင်မ် များကို အသုံးပြုပြီး နမာဇ် အချိန် အသေအချာ ခရင်မ် သုံးထားသည့်နေရာကို ဆပ်ပြာနှင့်သေချာ ဆေးကြောပြီးနောက် ဝဇူပြု မည် သို့မဟုတ် ဂိုစ်လ် ထည့်မည် သို့မဟုတ် သယမွန် ပြုမည်ဆို ရင် ပို၍ စိတ်အေးရမည် ဖြစ်ပါတယ်။

 

ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251