အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
အင်္ဂါနေ့

၁၆ ဧပြီ ၂၀၂၄

၂၀:၃၀:၁၈
1451918

မြဝတီမြို့တွင်းရှင်းလင်းရေး ပြည်သူထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမည်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင်းရှင်းလင်းရေးလုပ်ဆောင်ရာမှာ ပြည်သူလူထုထိခိုက်နစ်နာမှု အနည်းဆုံးနည်းဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ KNU တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ




ကရင်ပြည်နယ်၊ မြဝတီမြို့တွင်းရှင်းလင်းရေးလုပ်ဆောင်ရာမှာ ပြည်သူလူထုထိခိုက်နစ်နာမှု အနည်းဆုံးနည်းဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ KNU တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ပြောပါတယ်။

ဧပြီ ၁၀ ရက်နေ့ ည ၁၀ နာရီက ကရင်ပြည်နယ် မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ တပ်ရင်းကို   ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းစစ်ကြောင်းတွေက အပြီးသပ်သိမ်းပိုက်ရရှိခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

KNU တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက “နယ်​မြေရှင်းလင်းတာ​တော့ ဆက်လုပ်ရမှာ​ပါ။ ​လော​လောဆယ်​တော့ ပြည်သူလူထုထိခိုက်နစ်နာမှု အနည်းဆုံးနည်းနဲ့ ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ချင့်ချိန်ပြီးလုပ်​ဆောင်ဖို့ ရည်ရွယ်ထားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီလက်​အောက်ခံ ဝန်ထမ်း​တွေကို သာမာန်ပြည်သူ​တွေဘဝနဲ့ ဆက်လက်ရှင်သန်ခွင့်​ ပေးသွားမှာဖြစ်ပေမဲ့ တာဝန်ထမ်းဆောင်ခဲ့စဉ်က ပြည်သူလူထုအပေါ် ပြုမူ,ပြောဆို ဆက်ဆံတဲ့အခြေအနနေဲ့ အခုအချိန်အထိ စစ်ကောင်စီကို သစ္စာခံ​နေသူတွေကို သေချာစိစစ်မှာဖြစ်လို့ အရေးယူခံရနိုင်သူတွေလည်း ရှိနိုင်တယ်လို့ စစ်ဗျူဟာမှူးက ပြောပါတယ်။

မတ် ၈ ရက်နေ့ကစတင်ခဲ့တဲ့ ကရင်ပြည်နယ် မြဝတီမြို့ရှိ ခလရ ၂၇၅ ၊ သင်္ကန်းညီနောင်ရှိ  သင်္ကန်းညီနောင်ဗျူဟာ၊ ခမရ ၃၅၆၊ ခမရ ၃၅၇ တပ်ရင်းသိမ်းတိုက်ပွဲတွေဟာ ဧပြီ ၁၀ ရက်နေ့မှာ  KNLA၊ PDF ပူးပေါင်းစစ်ကြောင်းတွေက အပြီးသပ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနီးအနားက ဘာသာရေး အဆောက်အအုံတွေနဲ့ ပြည်သူတွေရဲ့နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့တဲ့အပြင် ဒေသခံပြည်သူတွေဟာ မြို့ဝတီမြို့တွင်းဘက်ကို တိမ်းရှောင်သူတွေရှိသလို မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့ဘက်ကို တိမ်းရှောင်သူ ထောင်နဲ့ချီရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

****************************************************************
END / 251