အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၇ ဧပြီ ၂၀၂၄

၁၃:၁၈:၂၉
1452061

အစ္စရေးကို ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခြင်းသည် အီရန်သည် စစ်ဘေးမှ ရှောင်မပြေးကြောင်း သက်သေ ပြခဲ့ / ရှိက်ခ် အီစာ ကာစင်မ်

အကျော်အမော် ဘာရိန်း သာသနာ့ ပညာရှင် အာယာသွလ္လာဟ် ရှိက်ခ် အီစာ အဲဟ်မဒ် ကာစင်မ် မှ နယ်ချဲ့ အစ္စရေး ဇီယွန် ဝါဒီ အစိုး ရ အား အီရန် နိုင်ငံ မှ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခြင်း သည် ပေးထားသည့် ကတိကို လက်တွေ့ တည်ပြပြီး အီရန်သည် စစ်ဘေးမှ ရှောင်မပြေးကြောင်း သက်သေ ပြခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကျော်အမော် ဘာရိန်း သာသနာ့ ပညာရှင် အာယာသွလ္လာဟ် ရှိက်ခ် အီစာ အဲဟ်မဒ် ကာစင်မ် မှ ၂၀၂၄ ခုနှစ် ဧပြီလ ၁၄ ရက်နေ့တွင် နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုးရအား အီရန်၏ တိုက်ခိုက်မှုသည် သတ္တိရှိပြီး စစ်မှန်သောကတိတစ်ခုဖြစ်ကြောင်း အလေးပေး မိန့်ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် ရှိက်ခ် အီစာ အဲဟ်မဒ် ကာစင်မ် မှ ဤတိုက်ခိုက်မှုဟာ ရိုးရိုးသားသား လက်တွေ့ကျတဲ့ ကြေညာချက်ဖြစ်ပြီး နိုင်ငံနဲ့ လူသားများ ၏ လုံခြုံမှုကို လိုအပ်သလို အစ္စလာမ်က လိုလားကြောင်း ထိုကြောင့် ဤကိစ္စ ကို ဖြစ်ပေါ်စေမည့် ဖြစ်သည့် အတွက်ကြောင့် အီရန်အနေဖြင့် ကုန်ကျစရိတ် တိုးမြင့်လာသည့် စစ်ပွဲကနေ ထွက်ပြေးမှာမဟုတ်ဘူးလို့ မိန့်ကြားခဲ့ပါတယ်။

အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) ကလည်း ဇီယွန်အစိုးရ၏ နယ်ချဲ့ အစ္စရေး တို့ သိမ်းပိုက်ထားသော နယ်မြေများနှင့် နေရာများတွင် ဒါဇင်နှင့်ချီသော ဒရုန်းများနှင့် ဒုံးကျည်များကို ပစ်ခတ်ခဲ့ကြောင်း စနေနေ့ညတွင် ကြေညာခဲ့ပါတယ်။

အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) ၏ ကြေငြာချက်တွင်နယ်ချဲ့ အစ္စရေး ဇီယွန်စစ်အစိုးရ၏ မြောက်မြားစွာသော ရာဇ၀တ်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဆီးရီးယား နိုင်ငံ ဒမတ်စကတ် မြို့ ရှိ အီရန်သံရုံးကို တိုက်ခိုက်ခြင်း နှင့် ဆီးရီးယားနိုင်ငံ ရှိ ကျွန်ုပ်တို့ နိုင်ငံ၏ စစ်ဘက်အကြံပေးအဖွဲ့၏ အကြီးအကဲများနှင့် စစ်အကြံပေးအုပ်စုများကို ရှဟီးဒ်ပြုခဲ့သည့် အတွက် အဖြေပေး တုံ့ပြန်ခြင်း အပါအဝင်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) မှအစ္စ‌ရေး တို့ သိမ်းပိုက်ထား သည့်နယ်မြေအတွင်းရှိ တိကျသော ပစ်မှတ်များကို လေကြောင်းမှ ဒုံးကျည်များနှင့် ဒရုန်းများဖြင့် ပစ်ခတ်ခဲ့ ကြောင်း ဖြစ်ပါတယ်။

ကုလသမဂ္ဂတွင်ရှိနေသည့် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ ကိုယ်စားလှယ်မှလည်း ပြောကြားခဲ့သည် မှာ အီရန်၏ စစ်ရေးဆောင်ရွက်မှုသည် ဒမတ်စကတ်ရှိ အစ္စရေး ဇီယွန်ဝါဒီအစိုးရ၏ ရန်စမှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံ၏ တရားဝင်ကာကွယ်ရေးဆိုင်ရာ ပဋိညာဉ်စာတမ်း၏ အပိုဒ် ၅၁ ကို အခြေခံထားချက် အရ ဖြစ်ကြောင်း ‌ ဖြစ်ပါတယ်။

****************************************************************

END / 251