အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
ဗုဒ္ဓဟူးနေ့

၁၇ ဧပြီ ၂၀၂၄

၁၆:၁၀:၄၂
1452085

ဝအ်ဒဟ်ဆွာဒစ်က် စစ်ဆင်ရေး ဟာ အစ္စရေး တို့ကို သတိပေးချက်နှင့် ကန့်သတ်ချက်တစ်ခုသာ လုပ်ခဲ့ ခြင်း ဖြစ်တယ်၊ အစ္စရေးအမှားတစ်ခုခုထက် လုပ်ပါက မိမိတို့၏ ကြောက်မက်ဖွယ်ကောင်းသော အဖြေနဲ့ ရင်ဆိုင် ရလိမ့်မယ် / အီရန်သမ္မတ

အစ္စရေး ကို တုံ့ပြန် အဖြေပေးခဲ့သည့် ဝအ်ဒဟ်ဆွာဒစ်က် စစ်ဆင်ရေး ဟာ အစ္စရေး တို့ကို သတိပေးချက်နှင့် ကန့်သတ်ချက်တစ်ခုသာ လုပ်ခဲ့ ခြင်း ဖြစ်တယ်၊ အစ္စရေးအမှားတစ်ခုခုထက် လုပ်ပါက မိမိ တို့၏ ကြောက်မက်ဖွယ်ကောင်းသော အဖြေနဲ့ ရင်ဆိုင် ရလိမ့်မယ် ဖြစ်ကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ အာယာသွလ္လာဟ် ‌ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ မှ မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်း အထောက်အထားများ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ အာယာသွလ္လာဟ် ‌ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ သည် ယနေ့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံ ၏ စစ်ရေးပြ အခမ်းအနား မိန့်ခွန်း ပြောကြားစဉ် တပ်မတော်နေ့ အား ဂုဏ်ပြုစကားမိန့် ကြားခဲ့ပါတယ်။

အီရန် တပ်မတော်သည် နိုင်ငံတော်နှင့်အတူ ရပ်တည်ပြီး ချစ်လှစွာသော အမိမြေ၏ နယ်မြေ ဂုဏ်သိက္ခာနှင့် အစ္စလမ္မစ် တော်လှန်ရေး၏ စံတန်ဖိုးများကို ခုခံကာကွယ်လျက် ရှိကြောင်း အီရန် သမ္မတ မှ မိန့် ကြားခဲ့ ပါတယ်။

ကမ္ဘာပေါ်ရှိ စစ်တပ်များနှင့် ကျွန်ုပ်တို့၏စစ်တပ်၏ အကြီးမားဆုံးခြားနားချက်မှာ ကျွန်ုပ်တို့စစ်တပ်သည် မိုအ်မင်များ ဖြစ်ကြ ပြီး အလ္လာဟ်ဟို အရှင်မြတ် အပေါ် မျှော်လင့်ချက်ထားသူများ ဖြစ် ကြကြောင်း အီရန်သမ္မတ မှ ဆက်လက်မိန့် ကြားခဲ့သည်။

ဆက်လက်ပြီး ကျွန်တော်တို့ တပ်မတော်မှာ လေ့ကျင့်မှု အပြည့်ရှိပြီး ကျွမ်းကျင်မှု ရှိကြောင်း ကျွန်ုပ်တို့၏ စစ်သည်တော်များသည် စစ်ဘက်ဆိုင်ရာ အသိပညာနှင့် ခေတ်မီပြီး စစ်ရေးစွမ်းရည်များသည် ကမ္ဘာ့အဆင့်မီ ကြောင်း အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲ မတိုင်မီက ကျွန်ုပ်တို့၏ စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များသည် အခြားနိုင်ငံများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း ယနေ့တွင် ကျွန်ုပ်တို့၏ လက်နက်ကိုင်တပ်ဖွဲ့များသည် မိမိကိုယ်တိုင် မွမ်းမံပြင်ဆင်နေပြီဖြစ်ကြောင်း စစ်ရေးနည်းပညာနှင့် ကာကွယ်ရေးစက်မှုလုပ်ငန်းသည် ကျွန်ုပ်တို့၏ကိုယ်ပိုင်ဖြစ်ပြီး ကျွန်ုပ်တို့၏တပ်ဖွဲ့များသည် ၎င်းတို့၏ကိုယ်ပိုင်စရိတ်ဖြင့် ကာကွယ်ရေးလုပ်ငန်းတွင် မိမိကိုယ်ကို ဖူလုံအောင်ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ကျွန်ုပ်တို့၏ ကိုယ်ပိုင်တီထွင်ထားသော စစ်လေယာဉ်များ၊ စစ်သင်္ဘောများ၊ ရေငုပ်သင်္ဘောများ၊ တင့်ကားများ၊ သံချပ်ကာ စစ်ယာဉ်များနှင့် စမတ်ကျသော ကာကွယ်ရေးစနစ်များသည် ကျွန်ုပ်တို့အား ဤဒေသတွင်သာမက ကမ္ဘာတစ်ခုလုံးတွင်ပါ ထင်ရှားပြီး သာလွန်ကောင်းမွန်သော စစ်ဘက်ဆိုင်ရာ စွမ်းအားတစ်ရပ် ဖြစ်လာစေကြောင်း ဘယ်သူ့ဆီကမှ မယူသွားပေမယ့် မိမိတို့ တိုင်းပြည်က ကိုယ့်စရိတ်နဲ့ ကိုယ်ရထားတဲ့ အ်အ်တို့ စွမ်းအင် ဖြစ်ကြောင်းကျွန်ုပ်တို့၏စစ်တပ်တွင် ခေတ်မီအရင်းအမြစ်များ တပ်ဆင်ထားပြီး၊ ကျွန်ုပ်တို့၏ အစောင့်တပ်ဖွဲ့များသည် အားကောင်းပြီး တက်ကြွနေပြီး ဒေသတွင်း တပ်ဖွဲ့များသည် ကျွန်ုပ်တို့၏ လက်နက်ကိုင်တပ်ဖွဲ့များကို အားကိုးနိုင်ကြောင်း အီရန် သမ္မတ မှ ထပ် ၍ မိန့်ကြားခဲ့ပါတယ်။

အီရန်သမ္မတမှ အီရန် တပ်မတော်၊ အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်၊ ပြည်သူ့စေတနာ့ဝန်ထမ်းတပ်ဖွဲ့ (Basij ) နှင့် အခြားသော လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူများ၏ စည်းလုံးညီညွတ်မှုကို အလေးပေးမိန့်ကြားခဲ့ပြီး ကျွန်ုပ်တို့၏တပ်မတော်သည် ပြည်သူနှင့်အတူ ရပ်တည်ကာကိုရိုနာ ကပ်ရောဂါကာလအတွင်း ပြည်သူနှင့်အတူရှိနေကြောင်း၊ သဘာဝဘေးတွေ ကြုံလာတဲ့အခါ ပြည်သူတွေကို ကူညီဖို့ရှိခဲ့ကြောင်း နိုင်ငံ တော် ၏ နယ်နိမိတ်ကို ကာကွယ်ဖို့၊ ပြည်သူများ ချစ်တဲ့ တိုင်းပြည်နဲ့ အစ္စလာမ် တော်လှန်ရေးရဲ့ တန်ဖိုးတွေကို အသက်စတေးပြီးခုခံကာကွယ်ပြီး အကြမ်းဖက်သမားတွေကို တိုက်ထုတ်ဖို့ ရှေ့ကို လည်းဆက်သွားနေကြောင်း မိန့်ကြားခဲ့ပါတယ်။

ဒါတွေဟာ ကျနော်တို့ တပ်မတော်ရဲ့ လက္ခဏာရပ်တွေ ဖြစ်သလို ဒေသတွင်းနဲ့ ကမ္ဘာက ပြည်သူတွေကလည်း ကျနော်တို့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို သတိပြုမိကြတယ်လို့ မိန့်ကြားပါတယ်။

ဟားမတ်စ် ပြုလုပ်သည့် အလ်အက်ဆွာ မုန်တိုင်းစစ်ဆင်ရေးပြီးနောက် ကျွန်ုပ်တို့၏စစ်ဆင်ရေး ဝအ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး သည် အစ္စရေး၏ကျန်ရှိနေသည့် ထင်ယောင်ထင်မှားများကို ဖျက်ဆီးခဲ့ပြီး အစ္စရေးသည် ပင့်ကူမျှင်ထက် အားနည်းကြောင်း ကမ္ဘာကို သက်သေပြခဲ့ကြောင်း အီရန်သမ္မတကမိန့်ကြားခဲ့ပါတယ်။

ဤစစ်ဆင်ရေးတွင် ကျွန်ုပ်တို့၏စစ်တပ်နှင့် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်များသည် နယ်ချဲ့ အစ္စ‌ရေး ဇီယွန်နစ်အစိုးရအား ရန်လိုမှုအတွက် အပြစ်ပေးခဲ့ကြောင်း ဒါဟာ ကောင်းမွန်စွာ တွေးခေါ်ပြီး စီစဉ်ထားတဲ့ စစ်ဆင်ရေးတစ်ခုဖြစ်ပြီး ကမ္ဘာတဝှမ်းက ပြည်သူတွေနဲ့ အမေရိက၏ အစ္စရေး ဇီယွန်အစိုးရကို ထောက်ခံသူတွေကတော့ အီရန် တပ်မတော် သည် မိမိ တို့ စစ်ဦးစီးချုပ်ကြီးရဲ့ အမိန့်ကို အပြည့်အဝ ပြင်ဆင်ပြီး စောင့်ဆိုင်းနေကြောင်းမိန့်ကြားခဲ့ပါတယ်။

"ဝအ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး " သည် ကျယ်ပြန့်သော စစ်ဆင်ရေးတစ်ခုမဟုတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့လျှင် အစ္စရေး ဇီယွန်ဝါဒီအစိုးရ သုတ်သင်ခံရမည်ကို ကမ္ဘာက သိမြင်လာလိမ့်မည်ဖြစ်ကြောင်း အနာဂတ်တွင် သေးငယ်သောအမှားတစ်ခုပင် ကျွန်ုပ်တို့၏တုံ့ပြန်မှုသည် အလွန်ကြောက်စရာကောင်းပြီး မှတ်သားဖွယ်ကောင်းလိမ့်မယ် ဖြစ်ကြောင်း ရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ အာယာသွလ္လာဟ် ‌ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ မှ မိန့်ကြားခဲ့ပါတယ်။

****************************************************************

END / 251