အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
ကြာသပတေးနေ့

၁၈ ဧပြီ ၂၀၂၄

၂၀:၂၅:၃၅
1452339

မြို့ဟောင်းရွာကို စစ်တပ်ကလေယာဉ်ဖြင့်ဗုံးကြဲ၊ ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူပြီး ၄ ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်တောင်ပိုင်း၊ မြို့ဟောင်းရွာကို စစ်ကောင်စီက ဧပြီ ၁၈ ရက် မနက် ၁၁ နာရီ ဝန်းကျင်မှာ Y-12 လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကရင်ပြည်နယ်၊ ကော့ကရိတ်တောင်ပိုင်း၊ မြို့ဟောင်းရွာကို စစ်ကောင်စီက  ဧပြီ ၁၈ ရက် မနက် ၁၁ နာရီ ဝန်းကျင်မှာ Y-12 လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတယောက်က "မနက် ၁၁ နာရီဝန်းကျင်က  ဘုန်းကြီးဆွမ်းဘုန်းချိန်မှာ  လေယာဉ်နဲ့ ဗုံးကြဲခံရတာ၊ ဆရာတော်တပါး ပျံလွန်တော်မူပြီး ရွာသား ၄ ဦး ဒဏ်ရာရခဲ့တယ်” လို့ ပြောပါတယ်။

ကော့ကရိတ်မြို့ပေါ်မှာ ဒီနေ့မနက် မနက် ၁၁ နာရီကစ ညနေ ၄ နာရီအထိ  တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၃၀ လောက် သေဆုံးကာ ကျားဖြူစစ်ကြောင်းဘက်မှ ရဲဘော် ၁ ဦး ကျဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်ကျော်ဟိန်းက ပြောပါတယ်။

ကော့ကရိတ်မြို့မြောက်ပိုင်းမှာ နေရာယူထားတဲ့ ကျားဖြူစစ်ကြောင်းရှိရာကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာရာမှ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်တာကြောင့် ရဲဘော်တွေ မူးလဲတာတွေ၊ အော့အန်တာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကော့ကရိတ်မြို့ပေါ်နဲ့ အနီးဝန်းကျင်မှာ နေ့စဉ် တိုက်ပွဲဖြစ်နေတာကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေပြီး ပြည်သူတွေအနေနဲ့ ကူညီပါဝင်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်ကောင်စီက ဧပြီ ၁၂ ရက်နေ့မှစတင်ကာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ကော့ကရိတ်မြို့မြောက်ပိုင်းရှိ တော်လှန်ရေးရဲဘော်တွေ စိုးမိုးထားတဲ့ နေရာအချို့ကို ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။
****************************************************************
END / 251