အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၉ ဧပြီ ၂၀၂၄

၀၉:၂၉:၄၃
1452388

အီရန်မှာ ပေါက်ကွဲသံ ကြားခဲ့ ရကြောင်း နိုင်ငံခြား မီဒီယာများက ဖော်ပြ

အီရန်၊ အီရတ်နှင့် ဆီးရီးယား နိုင်ငံ တို့တွင် သောကြာနေ့ နံနက်ပိုင်းက ပေါက်ကွဲသံများကို ကြားရကြောင်း အစ္စရေး မှ တိုက်ခိုက် လိုက်ကြောင်း နိုင်ငံခြားမီဒီယာများက ဖော်ပြခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရိုက်တာ သတင်းဌာန မှ အီရန်သတင်းရင်းမြစ်တစ်ခု ကို ကိုးကားပြီး  အီရန် သည် မိမိ ၏ လေကြောင်းရန် ကာကွယ်ရေး စနစ်ကို အသက်သွင်းထားတယ်လို့ ရေးသားခဲ့ပါတယ်။

အီရန်နိုင်ငံကို ဖြတ်ကျော်တဲ့ ခရီးစဉ် ရှစ်ခုထက်မနည်း လမ်းကြောင်းပြောင်းသွားခဲ့တယ်လို့ CNN က အခိုင်အမာဆိုခဲ့ပါတယ်။

အစ္စရေး၏ ဒုံးကျည်များသည် အီရန်ရှိ ဗဟိုချက်မကို ထိမှန်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ABC သတင်းဌာနက ဖော်ပြခဲ့သည်။ ဒီသတင်းကို ဘယ်မီဒီယာကမှ အတည်မပြု သေး ကြောင်း သိရှိရပါတယ်။

IRNA သတင်းဌာန ၏ ၏ အဆိုအရ အတည်မပြု  သတင်း မီဒီယာများ တွင် Sky News နှင့် Al Jazeera တို့လည်း ပါဝင်ကြောင်း သိရှိရပါတယ်။

အီရန်  အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ တရား သတင်း ဌာန မှ လည်း အစ္စရေး တို့ ၏ ဤ တိုက်ခိုက်မှု များ သည် တစ်ခု မှ မအောင်မြင်ခဲ့ကြောင်း အီရန် လေကြောင်း ခရီးစဥ်များ ပြည်တွင်း သွားလာရေး အခြေ အနေများ စသည် တို့သည် ပုံမှန် အနေအထား အတိုင်း ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

****************************************************************

END / 251