အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၉ ဧပြီ ၂၀၂၄

၁၀:၃၆:၄၅
1452394

မသင်္ကာဖွယ် အရာများ ကို ပစ်ချ

အီရန် တပ်မတော် မှ ကျွန်တော်တို့ မှာ မတော်တဆ ထိခိုက်မှု တစ်စုံတစ်ရာ မရှိ ကြောင်း ထုတ်ဖော်ပြောကြား

အစ္စဖဟန် ( Isfahan) မြို့ အရှေ့ဘက် တွင် အတော်လေး ကျယ်လောင်သော အသံကိုကြားပြီးနောက် အစ္စဖဟန် ( Isfahan) ပြည်နယ်ရှိ စစ်တပ်အကြီးအကဲ မှ ဤအသံသည် အစ္စဖဟန် ( Isfahan) ၏ လေကြောင်း ရန် ကာကွယ်ရေးပစ်ခတ်မှုနှင့် ဆက်စပ်နေပြီး ကျွန်ုပ်တို့တွင် ထိခိုက်မှု သို့မဟုတ် မတော်တဆမှု တစ်စုံ တစ်ရာမရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ တရားဝင် သတင်းဌာန များ မှ တစ်ခု ဖြစ်သည့် သစနှင်းမ် (Tasnim ) သတင်းဌာန ၏အစီရင်ခံစာအရ အစ္စဖဟန် ( Isfahan) မြို့ အရှေ့ဘက် တွင်  အတော်လေး ကျယ်လောင်သော အသံကိုကြားပြီးနောက် အစ္စဖဟန် ( Isfahan)  ပြည်နယ်ရှိ စစ်တပ်အကြီးအကဲ ဒုတိယမျိုးချစ်တပ်မတော်မှ ဗိုလ်မှူးချုပ် အမီးရ်  မှ  ဤအသံသည် အစ္စဖဟန် ( Isfahan)  ၏ လေကြောင်း ရန် ကာကွယ်ရေးပစ်ခတ်မှုနှင့် ဆက်စပ်နေပြီး ကျွန်ုပ်တို့တွင် ထိခိုက်မှု သို့မဟုတ် မတော်တဆမှု တစ်စုံ တစ်ရာမရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန် ပြောကြားခဲ့ပါတယ်။  

အစ္စဖဟန် ( Isfahan)  ပြည်နယ်ရှိ စစ်တပ်အကြီးအကဲ ဒုတိယမျိုးချစ်တပ်မတော်မှ ဗိုလ်မှူးချုပ် အမီးရ်  မှ ဆက်လက်ပြီး အစ္စဖဟန် ( Isfahan)  လေကြောင်းရန်ကာကွယ်ရေးလုပ်ဆောင်မှုနှင့်ပတ်သက်ပြီး ယနေ့နံနက်တွင် ပေါက်ကွဲသံနှင့် ပတ်သက်ကြောင်း ကြေညာခဲ့ပြီး သံသယဖြစ်ဖွယ် အရာဝတ္ထု များကို လေကြောင်းရန်ကာကွယ်ရေး မှ ပစ်ချခဲ့ကြောင်း  ထိုအတွက် ထိခိုက်ပျက်စီးမှုလည်း မရှိကြောင်း ယနေ့ နံနက်  အီရန် စံတော်ချိန် ၄ နာရီ ဝန်းကျင်တွင် အစ္စဖဟန် ( Isfahan)  ၏ ၈ ခုမြောက် ရှီကာရီ အခြေစိုက် စခန်း၏ လေကြောင်းရန် ကာကွယ်ရေးကို ကြားဖြတ်ဟန့်တားရန် အသုံးပြုခဲ့ပြီး ကာကွယ်ရေး အသံကို အစ္စဖဟန် ( Isfahan)  အရှေ့မြောက်ဘက်မှ ကြားခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးနောက် တစ်ချိန်တည်းမှာပင်၊ သဗ်ရေဇ် (Tabriz )မြို့၏ ကာကွယ်ရေး လှုပ်ရှားမှု အစီရင်ခံစာကို လည်း  ထုတ်ပြန်ခဲ့ ပါတယ်။

ပြီးနောက် အစ္စလာမ့် အဇါဒ် တက္ကသိုလ် ၏ အနာသတင်းဌာန ၏ တင်ပြချက်အရ နယ်ချဲ့ အစ္စရေး ဇီယွန်အစိုးရ၏ လက်တုံ့ ပြန်တိုက်ခိုက်မှုဟု ပြောနေကြ သည့် နိုင်ငံခြားရင်းမြစ်အချို့၏ ဘက်လိုက်မှုဖြင့် ထင်ကြေးပေးမှုများ ရှိနေသော် လည်း အဆိုပါမြို့နှစ်မြို့သည် လုံးဝ(လုံးဝ) လုံခြုံနေပြီး ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး အရေးပေါ် အစည်း အဝေးကျင်းပရန် အမျိုးသားလုံခြုံရေးကောင်စီက ငြင်းဆိုထားကြောင်း သိရှိရပါတယ်။

****************************************************************

END / 251