အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၁ ဧပြီ ၂၀၂၄

၁၄:၄၆:၂၈
1452990

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ သည် မနက်ဖြန်မှ စတင်ကာ ပါကစ္စတန်နိုင်ငံ သို့ သုံးရက်ကြာ ခရီးစဥ် စတင်မည်

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ၏ သမ္မတ ဟဇရသ် အာယာသွလ္လာဟ် ‌ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ မနက်ဖြန်မှ စတင်ကာ ပါကစ္စတန်နိုင်ငံ သို့ သုံးရက်ကြာ ခရီးစဥ်ကို စမည် ဖြစ်ပြီး ပါကစ္စတန် နိုင်ငံ ၏ မြို့တော် အစ္စလာမာဘတ်သို့ သွားရောက်မည်ဖြစ်ပါတယ်။ ခရီးစဥ် မှာ ဧပြီလ ၂၂ ရက်နေ့မှ ဧပြီလ ၂၄ ရက် အထိ ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပါကစ္စတန်သံတမန်သတင်းရင်းမြစ်များ၏အဆိုအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နှင့် ၎င်း၏ကိုယ်စားလှယ်အဖွဲ့သည် Noor Khan Airbase ဆိုသည့် ပုဂ္ဂလိကဟိုတယ်တစ်ခုသို့ ရောက်ရှိမည်ဖြစ်ပြီး ယင်းနောက် ပါကစ္စတန် ဝန်ကြီးချုပ်အိမ်တော်၌ တရားဝင်ဧည့်ခံပွဲကျင်းပမည်ဖြစ်ကြောင်းသိရှိရပါတယ်။

 ပါကစ္စတန် ဝန်ကြီးချုပ် ရှဟ်ပါဇ် ရှရီးဖ် အနေဖြင့် မိမိနိုင်ငံ လာရောက်မည့် ဧည့်သည် တော် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတအား ဂုဏ်ပြုတပ်ဖွဲ့နှင့် ဂုဏ်ပြု ကြိုဆိုမည် ဖြစ်ကြောင်း သိရှိရပါတယ်။

အဆိုပါသတင်းရင်းမြစ်များအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ၏ သမ္မတ ဟဇရသ် အာယာသွလ္လာဟ် ‌ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ နှင့် ပါကစ္စတန် သမ္မတ အာဆစ်ဖ် ဇရ်ဒါရီ တို့လည်း တွေ့ဆုံမည်ဖြစ်ကြပါတယ်။

ပါကစ္စတန် နိုင်ငံ နှင့် အီရန်နိုင်ငံ တို့ကြား သဘောတူ စာချုပ် အများအပြား အား လက်မှတ် ရေးထိုးကြမည် ဖြစ်ပြီး ဟဇရသ် အာယာသွလ္လာဟ် ‌ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ အနေဖြင့် မိမိ ၏ ပါကစ္စတန်နိုင်ငံ ခရီးစဉ်အတွင်း အစ္စလာမ်မာဘတ်၊ လာဟိုးနှင့် ကရာချိ မြို့ များ သို့ သွားရောက်မည်ဖြစ် ကြောင်း သိရှိရပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ကိုယ်စားလှယ် အဖွဲ့တွင် အီရန် နိုင်ငံခြားရေး နှင့် ပြည်ထဲရေး အပါအဝင် အရေးအပါဆုံး ဝန်ကြီးများ ပါဝင်မည်ဖြစ်ပြီး ပါကစ္စတန်နှင့် အီရန် ခေါင်းဆောင်များ အဆင့်တွင် ဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုပါတယ်။

ပါကစ္စတန် နှင့် အီရန် ဓာတ်ငွေ့ပိုက်လိုင်း အပါအဝင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ပြီး အပြန်အလှန် ကုန်သွယ်မှု မြှင့်တင်ရေး ပါလက်စတိုင်းနှင့် ဂါဇာကမ်းမြောင်နှင့် ပတ်သက်သည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251