အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၂ ဧပြီ ၂၀၂၄

၁၆:၅၀:၁၃
1453306

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ပါကစ္စတန် နိုင်ငံ ၏ မြို့တော် သို့ ရောက်ရှိ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ၏ သမ္မတ ဟဇရသ် အာယာသွလ္လာဟ် ‌ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ မနက်ဖြန်မှ စတင်ကာ ပါကစ္စတန်နိုင်ငံ သို့ သုံးရက်ကြာ ခရီးစဥ် အတွက် ပါကစ္စတန် နိုင်ငံ ၏ မြို့တော် အစ္စလာမာဘတ်သို့ ရောက်ရှိနေပြီး ဖြစ်ပါတယ်။ပါကစ္စတန် ဝန်ကြီးချုပ် ရှဟ်ပါဇ် ရှရီးဖ် မှ ကြိုဆို ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Saharnews ၏ သတင်း အထောက်အထားများ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ၏ သမ္မတ ဟဇရသ် အာယာသွလ္လာဟ် ‌ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ သည် ပါကစ္စတန်နိုင်ငံသို့ ၃ ရက်ကြာ တရားဝင် ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ပြီး ၎င်း၏ ဇနီး၊ အီရန်နိုင်ငံခြားရေးဝန်ကြီး၊ အစိုးရအဖွဲ့ဝင်များ၊ ထိပ်တန်းအရာရှိများ နှင့် စီးပွားရေးလုပ်ငန်းရှင် များလည်း သူနှင့်အတူ လိုက်ပါ ရောက်ရှိ လာပါတယ်။

အီရန် သမ္မတ ၏ ခရီးစဉ်အတွင်း အီရန်သမ္မတ ဟဇရသ် အာယာသွလ္လာဟ် ‌ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ သည် ပါကစ္စတန် သမ္မတ အာဆစ်ဖ် ဇရ်ဒါရီ ၊ပါကစ္စတန် ဝန်ကြီးချုပ် ရှဟ်ပါဇ် ရှရီးဖ် ၊ ပါကစ္စတန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အာဆင်မ် မိုနီးရ် နှင့် အခြားခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပါတယ်။

အီရန်သမ္မတသည် လာဟိုး မြို့ နှင့် ကရာချိ မြို့ သို့လည်း သွားရောက်မည်ဖြစ်ပါတယ်။ အီရန်သမ္မတသည် ဧပြီ ၂၃ ရက်တွင် ကရာချိ မြို့ သို့ သွားရောက်မည်ဖြစ်ပြီး အများပြည်သူ ပိတ်ရက်အဖြစ် ကရာချိတွင် ကြေညာထား ပါတယ်။

ဆွေးနွေးပွဲများတွင် ပါကစ္စတန်နှင့် အီရန် ဆက်ဆံရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ လူအချင်းချင်း အပြန်အလှန် ဆက်ဆံမှုနှင့် အကြမ်းဖက်မှု ဘုံခြိမ်းခြောက်မှုတို့ကို ကိုင်တွယ်ဖြေရှင်းရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမည်ဖြစ်ကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံခြားရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ၏ သမ္မတ ဟဇရသ် အာယာသွလ္လာဟ် ‌ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ ၏ ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာစေရန် အရေးကြီးသော အခွင့်အလမ်းတစ်ခု ပေးလိမ့်မည်ဖြစ်ကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ

 နိုင်ငံခြားရေးရုံး၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251