အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၄ ဧပြီ ၂၀၂၄

၁၅:၃၅:၁၁
1453767

အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ ဗင်နီဇွဲလားသမ္မတ နှင့် တွေ့ဆုံ ပြီး

ကျိုးကြောင်းဆီလျော်မှု၊ နာမ်ပိုင်းဆိုင်ရာနှင့် တရားမျှတမှုသည် ရှီအဟ် အယူအဆ ၏ ဘက်သုံးရပ်ဖြစ်ကြောင်း အလေးပေးပြောကြား

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ သည် ဗင်နီဇွဲလားနိုင်ငံ သို့ သွားရောက်ခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) တွေ့ဆုံ ဆွေးနွေးခဲ့ ကြောင်း သိရှိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ သည် ဗင်နီဇွဲလားနိုင်ငံ သို့ သွားရောက်ခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) တွေ့ဆုံ ဆွေးနွေးခဲ့ ကြောင်း သိရှိရပါတယ်။

ဤတွေ့ဆုံမှုအစမှာ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro ) မှ အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ ၏ခရီးစဉ်အတွက် ပျော်ရွှင်မှုကို ထုတ်ဖော်ပြောဆိုရာမှာ အီရန် နဲ့ ဗင်နီဇွဲလားကြား ဆက်ဆံရေးဟာ ညီအစ်ကို ပမာ နက်ရှိုင်းပြီး ရှေးအကျဆုံး ဆက်ဆံရေးဖြစ်တယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး

ဤဆက်ဆံရေးများသည် တန်ဖိုးများ နှင့် အခြေခံမူများနှင့်အညီ ဖြစ်သင့်ပါ ကြောင်း မိမိ တို့သည် ကြမ်းတမ်းသောကမ္ဘာတွင် နေထိုင်သော်လည်း လွတ်လပ် ခွင့် နှင့် မိမိ‌ခြေအပေါ် မိမိရပ်တည် ခြင်း ငြိမ်းချမ်းစွာ ဘဝတည်ဆောက် နေထိုင်ခွင့်၊ နာမ်ပိုင်း ရေးရာ၊ ယဉ်ကျေးမှု နှင့် ဘာသာတရားတို့ ချိတ်ဆက်ပိုင်ခွင့်တို့ကို မည်သူမျှ လုယူသွားနိုင်မည် မဟုတ်ကြောင်း ဗင်နီဇွဲလားနိုင်ငံ သမ္မတ မှ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဗင်နီဇွဲလားနိုင်ငံ သမ္မတ မှ မိမိ နှင့် ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့် တွေ့ဆုံခဲ့သည့်ဘက်သို့ ညွှန်း၍ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ် မီ ကမ္ဘာနှင့် ၎င်း၏ တိုးတက်မှုများကို အသေးစိတ် နက်နဲစွာ ခွဲခြမ်းစိတ်ဖြာပြီး ထက်မြက်သူဖြစ် ကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၏ လမ်းညွှန်ချက်များကို မိမိ တို့ အမြဲတမ်း အသုံးပြုနေကြောင်း မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ အား မိမိတို့ အထူးစလာမ် အား ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ပေးပေးဖို့ မေတ္တာ ရပ်ခံခဲ့ ပါတယ်။

အမေရိကန် ကို ဇီယွန်ဝါဒီများ က ဦးစီးနေခြင်း

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို မှဆက်လက်ပြီး ယနေ့ကမ္ဘာပေါ်ရှိ ပြဿနာအားလုံးသည် အနောက်နိုင်ငံများ၏ မဏ္ဍိုင်အားလုံးတွင် သြဇာလွှမ်းမိုးနေသော ဖက်ဆစ်နှင့် နာဇီအမြင်ကြောင့် ဖြစ်ပေါ်လာ ခြင်းဖြစ်ကြောင်း ယနေ့တွင် ဇီယွန်ဝါဒီများက အမေရိကန် ကို အုပ်စိုးပြီး အဓိက အင်အားကြီးနှစ်ရပ်ဖြစ်သည့် စစ်ဘက်ဆိုင်ရာ အာဏာ နှင့် လူမှုကွန်ရက်များ ကို ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း သို့သော် ဒီနေ့မှာတော့ တရုတ်၊ ရုရှားနဲ့ အီရန်စတဲ့ နိုင်ငံ အသီးသီး ပါဝါဝင်ရိုးစွန်းတွေ ဖွဲ့စည်းထားတဲ့ ဘက်စုံကမ္ဘာကြီးထဲကို ဝင်ရောက်လာခဲ့ပါ ပြီးကြောင်း ပြောကြားခဲပါတယ်။

အီရန်နှင့် ဗင်နီဇွဲလားအကြား နက်ရှိုင်းပြီး မဟာဗျူဟာမြောက် ဆက်ဆံရေး

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ မှလည်း အီရန်နှင့် ဗင်နီဇွဲလားကြား ဆက်ဆံရေးသည် နက်နဲပြီး ဗျူဟာမြောက်ကြောင်း ရှင်းလင်း ပြောကြားပြီး ဘာသာတရား အခြေခံအရ ဖိနှိပ်မှု နှင့် ဖိနှိပ်မှုကို လက်ခံခြင်းအား ရှုတ်ချကြောင်း တစ်ဖက်တွင် လည်း ဂုဏ်သိက္ခာ နှင့် တရားမျှတမှု ကျောသား ရင်သား မခွဲခြား မူကို အလေးပေး ပြောကြားခဲ့ ပါတယ်။

အာယာသွလ္လာဟ် မှ ဆက်လက်ပြီး ဖိနှိပ်မှုကို ဆန့်ကျင်ခြင်းသည် ကျွန်ုပ်တို့အား ယဉ်ကျေးမှု လမ်းကြောင်းပေါ်ရှိရန် အေမာမ် ခိုမေနီ (ရ.ဟ) သင်ပေးသော သင်ခန်းစာကြီးတစ်ခုဖြစ်ကြောင်း အေမာမ် ခိုမေနီ (ရ.ဟ) သည် အခြေခံ မူလေးချက် ယုံကြည်သက်ဝင် ကြောင်း ၎င်း အခြေခံ မူလေးချက်မှာ တစ်ပါးတည်း အရှင် အလ္လာဟ်ဟိုအရှင်မြတ် အပေါ် သက်ဝင်ယုံကြည်ခြင်း ရည်ရွယ် ဝင်ယုံကြည်ခြင်း မိမိလမ်းကြောင်း နှင့် ပြည်သူ လူထု အပေါ် ယုံကြည်ခြင်း ဖြစ်ကြောင်း အေမာမ် ခိုမေနီ (ရ.ဟ) အနေဖြင့် ဤ မူလေးချက်ကို အခြေခံပြီး တော်လှန်ရေး ပြုခဲ့ကြောင်း လက်ရှိ ကမ္ဘာ့ ၏ သတ်မှတ်ချက်စံ ကို ပြောင်းစေခဲ့ကြောင်းပြောကြားခဲ့ပါတယ်။

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ မှ ဆက်လက်ပြီး ကမ္ဘာကြီး၏ ကြွယ်ဝမှုကို ကမ္ဘာပေါ်ရှိ လူသားအားလုံးထံ တရားမျှတစွာ ခွဲဝေပေး နိုင်ရန် ကမ္ဘာကြီးတွင် အပြောင်းအလဲများ ရှိရမည် ဖြစ်ကြောင်း ကမ္ဘာပေါ်တွင် အချို့သော အစိုးရများက ရက်စက်ကြမ်းကြုတ်မှုများ ရှိနေပြီး ခေတ်သစ် ကျွန်စနစ်ဟု ယူဆနိုင်ပြီး ဖျက်သိမ်းသင့်ကြောင်း ပြောကြားခဲ့ပါ တယ်။

အီရန်သည် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာ

အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ မှ ဆက်လက်ပြီး ရှီအဟ် တွေးခေါ်မှုတွင် တရားမျှတမှုတွင် အဓိက ရပ်တည်ချက်ရှိပြီး ဤတွေးခေါ်မှုတွင် တရားမျှတမှု၏ သင်္ကေတမှာ  အေမာမ် အလီ (အ.စ) ကဲ့သို့သော တွေးခေါ်ရှင်များဖြစ်ကြောင်း ကျိုးကြောင်းဆီလျော်မှု၊ နာမ်ပိုင်းဆိုင်ရာနှင့် တရားမျှတမှုတို့သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ သွန်သင်ချက်မှ ဆင်းသက်လာသော ရှီအဟ် အတွေးအမြင် ဘက် သုံးရပ် ဖြစ်ကြောင်း ဟဇရသ် အီစာ (ခ)ယေရူ (အ.စ) သည် လူမျိုးများ ၏ အခွင့်အာဏာအတွက် ထပ်၍ လာလိမ့်မည် ဖြစ်ကြောင်း မိမိတို့ ရှီအဟ်များ အနေဖြင့်လည်း ဟဇရသ် မဲဟ်ဒီ (အ.ဂျ) လူမျိုးများ၏ အခွင့်အာဏာအတွက် ဖူးပွင့်လာမည် ဖြစ်ကြောင်း အစိုးရသည် ဖြောင့်မတ်မှန်ကန်သည့် သူတော်စင် များလက်သို့ ကျရောက်မည်ဖြစ်ပြီး ညှဉ်းဆဲသူများ မာနကြီးသူများ၏ အဖိနှိပ်ခံ ရသူ များ သည် ကမ္ဘာကို အုပ်စိုးလိမ့်မည်ဖြစ်ကြောင်း ဇွာလင်မ်များ အာဏာကြီးသူများ မတရား ရက်စက် ယုတ်မာ သူများသည် ဖယ်ရှယ်ခံရမည် ဖြစ်ကြောင်းသက်ဝင် ယုံကြည် ကြောင်း ပြောကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ မှ ဆက်လက်ပြီး အီရန်သည် ဒေသတွင်း ပါဝါမှ ကမ္ဘာ့ပါဝါအဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်ကြောင်း နယ်ပယ်အသီးသီးတွင် အီရန်၏ စွမ်းဆောင်နိုင်မှုသည် ၎င်း၏တိုးတက်မှုနှင့် သိပ္ပံနည်းကျ စွမ်းပကားကြောင့်ဖြစ်ကြောင်း ချို့သော သိပ္ပံပညာနယ်ပယ်များတွင် အီရန်သည် ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ပါဝင်ပြီး ကမ္ဘာ့သိပ္ပံပညာအဆင့်တွင် အဆင့် ၁၆ ရှိကြောင်း ထို့ကြောင့် အီရန်သည် ၎င်း၏ အတွေ့အကြုံများနှင့် သိပ္ပံပညာဆိုင်ရာ အောင်မြင်မှုများကို အခြားနိုင်ငံများနှင့် မျှဝေရန် အသင့်ရှိနေကြောင်း စီးပွားရေး မတရား ပိတ်ဆို့ဒဏ်ခတ်မှု ခံနေရတဲ့ အီရန်မှာ ဒီနှစ်တွေအတွင်း ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ဗင်နီဇွဲလားကို ပေးအပ်ဖို့ အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဗင်နီဇွဲလားသမ္မတအနေဖြင့်  အဲဟ်လေ့ဘိုက်(သ) (အ.စ) နောက်လိုက်များ အာရုံစိုက်ပေးရန် မေတ္တာရပ်ခံ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ မှဗင်နီဇွဲလား နိုင်ငံ ရှိ အဲဟ်လေ့ဘိုက်(သ) (အ.စ) နောက်လိုက်များ (ခ) ရှီအဟ် မွတ်စလင်မ်များ ကို အထူးအာရုံစိုက်ပေးရန် သက်ဆိုင်ရာအခမ်းအနားများသို့ ၎င်းတို့၏ ကိုယ်စားလှယ်များကို ဖိတ်ကြားရန် ဗင်နီဇွဲလား သမ္မတအား မေတ္တာရပ်ခံ တောင်းဆိုခဲ့ပါတယ်။

ဤတောင်းဆိုချက်အား ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro ) မှ အထူး အာရုံ စူးစိုက်ကြောင်း ပြသပြီး မိမိတို့ အနေဖြင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) နောက်လိုက်များ (ခ) ရှီအဟ် မွတ်စလင်မ်များ  ကိုယ်စား လှယ်များ  ကို အမြဲဖိတ်ကြားထားကြောင်း အလေးပေး ဖြေကြားခဲ့ပါတယ်။

................................

END / 251