အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၂၅ ဧပြီ ၂၀၂၄

၂၀:၁၁:၄၃
1454129

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား ၂၈၀ ကျော်ကို ပြန်လွဲ

ရခိုင်ပြည်နယ် မောင်တောမြို့အတွင်းရှိ ရက္ခိုင့်တပ်တော် (AA) ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၈၈ ဦးအား ဧပြီ ၂၅ ရက်မှာ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းတွေမှာ ဖော်ပြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရခိုင်ပြည်နယ် မောင်တောမြို့အတွင်းရှိ ရက္ခိုင့်တပ်တော် (AA) ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၈၈ ဦးအား ဧပြီ ၂၅ ရက်မှာ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးကို စစ်ကောင်စီက ချင်းတွင်းစစ်သင်္ဘောနဲ့ ဧပြီ ၂၄ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပို့ဆောင်ခဲ့ပြီးနောက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၂၈၈ ဦးကို ဧပြီ ၂၅ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ BIWTA ဆိပ်ခံတံထားကနေ တွန်းသင်္ဘောနဲ့ ခေါ်ဆောင်လာပြီး ချင်းတွင်းစစ်သင်္ဘောထံကို လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း AA ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်သား ၃၃၀ လောက်ဟာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ပထမအသုတ်အဖြစ် စစ်ကောင်စီလက်ထဲကို ပြန်လဲလွှဲပြောင်းပေးခဲ့ပါတယ်။

အခုလို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို လွှဲပြောင်းဖို့အတွက် မြန်မာနိုင်ငံ ရန်ကုန်အခြေစိုက် ဘင်္ဂလားဒေ့ရှ်သံရုံး တာဝန်ရှိသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်ကောင်စီဝန်ရုံးက တာဝန်ရှိသူတွေဟာ စစ်တွေမြို့မှာ တွေဆုံခဲ့ကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

--------------------------

END / 251