အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
တနင်္လာနေ့

၂၉ ဧပြီ ၂၀၂၄

၂၀:၂၁:၄၈
1455109

ရန်ကုန်တိုင်း အိမ်ထောင်စုစာရင်းဖြင့် နေပြည်တော်တွင် ပတ်စ်ပို့လျှောက်နိုင်

နေပြည်တော်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ ရန်ကုန်တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းနဲ့ ပတ်စ်ပို့လုပ်ဖို့ Online Booking လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးအဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နေပြည်တော်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ ရန်ကုန်တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းနဲ့ ပတ်စ်ပို့လုပ်ဖို့ Online Booking လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးအဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။

အရင်က တိုင်းဒေသကြီးနဲ့ ပြည်နယ်ရုံးခွဲတွေမှာ သက်ဆိုင်ရာ အိမ်ထောင်စုစာရင်းနဲ့သာ လက်ခံပေးနေရာကနေ အခုအခါ ရန်ကုန်တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းတွေကိုလည်း နေပြည်တော်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲမှာ Online Booking လျှောက်ထားနိုင်ပြီလို့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးအဖွဲ့က ထုတ်ပြန်လိုက်တာပါ။

ဒါ့အပြင် မြစ်ကြီးနား၊ မုံရွာ၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေ၊ ဟားခါး၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ မကွေးတို့မှာလည်း မေ ၂ ရက်ကစပြီး Online Appointment System နဲ့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကယားပြည်နယ် အိမ်ထောင်စုစာရင်းနဲ့ ပတ်စ်ပို့လျှောက်မယ့်သူတွေအနေနဲ့ တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်က အိမ်ထောင်စုစာရင်းတွေနဲ့မတူဘဲ ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် တိုင်းစစ်ဌာနချုပ်ရဲ့ ထောက်ခံချက်နဲ့ တောင်ကြီးရုံးခွဲမှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။

Online Booking စနစ်နဲ့ နိုင်ငံကူးလက်မှတ် လျှောက်မယ့်သူတွေအနေနဲ့ မေ ၁ ရက်ကစပြီး ရက်ချိန်းယူနိုင်ပြီ ဖြစ်ပါတယ်။
.......................................................
END / 251