အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
သောကြာနေ့

၃ မေ ၂၀၂၄

၂၀:၂၃:၅၃
1455972

စစ်တပ်ထုတ်ကုန် မြန်မာဘီယာသောက်သုံးသည့် TNLA ရဲဘော်များကို ပြစ်ဒဏ်ပေး

စစ်ကောင်စီထုတ်ကုန် မြန်မာဘီယာသောက်သုံးခဲ့တဲ့ TNLA ရဲဘော်တွေကို ကြိမ်ဒဏ်၊ အလုပ်ကြမ်းနဲ့ လူမှုရေးပြစ်ဒဏ်ပေးခဲ့တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


စစ်ကောင်စီထုတ်ကုန် မြန်မာဘီယာသောက်သုံးခဲ့တဲ့ TNLA ရဲဘော်တွေကို ကြိမ်ဒဏ်၊ အလုပ်ကြမ်းနဲ့ လူမှုရေးပြစ်ဒဏ်ပေးခဲ့တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

TNLA က တားမြစ်ကန့်သတ်ထားတဲ့ မြန်မာဘီယာကို ‌မွေးနေ့ ပါတီပွဲတခုမှာ သောက်သုံးခဲ့ကြတာလို့ မေ ၂ ရက်မှာ ထုတ်ပြန်ထားတာပါ။

၂၀၂၁ ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအမြစ်ပျက်ကျဆုံးဖို့ စစ်ကောင်စီရဲ့ အရေးပါတဲ့ စီးပွားရေးပြိုလဲဖို့နဲ့ စစ်ကောင်စီ ဝင်ငွေလမ်းကြောင်းပိတ်ပင်ဖို့ ရည်ရွယ်ပြီး စစ်ကောင်စီ ထုတ်ကုန်တွေကို  ရောင်းဝယ်စားသုံးတာ မလုပ်ကြဖို့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁၅ ရက်ကပဲ TNLA က ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ အမိန့်ထုတ်ပြန်ချက်အတိုင်း တားမြစ်ကုန်ထုတ်ပစ္စည်းရောင်းဝယ်သူတွေကို တွေ့ရင် အကြိမ်ကြိမ် သတိပေးပြီးနောက် ရောင်းသူဆိုင်ရှင်နဲ့ အများရှေ့မှောက်မှာ အဲဒီထုတ်ကုန်တွေကို ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

မေ ၂ ရက်နေ့ကတော့ တားမြစ်ထုတ်ကုန် မြန်မာဘီယာ သောက်သုံးနေတဲ့ ရဲဘော်တွေကို ကြိမ်ဒဏ် ၁၀ ချက်၊ အလုပ်ကြမ်း ၁ လ နဲ့ လူမှုရေးပြစ်ဒဏ်အဖြစ် အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်းတို့မှာ သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် PSLF/TNLA အုပ်ချုပ်နယ်မြေ မြို့ ၇ မြို့နဲ့ စစ်ဒေသမှာ စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းတွေ ရောင်း‌ဝယ်စားသုံနေသူတွေကို တွေ့ရင်လည်း ထုတ်ပြန်ချက်ပါအမိန့်အတိုင်း အရေးယူသွားမယ်လို့ ဆိုပါတယ်။

.......................................................
END / 251