၉ ဇွန် ၂၀၂၄ - ၂၀:၁၅
ဟဂျ်ပြုနေသူ မဟုတ်သူသည် ကုရ်ဘာနီ ပြုရန် ဝါဂျစ်ဗ် ဖြစ်ပါသလား?

ဟဂျ်ပြုနေသူ မဟုတ်သူသည် ကုရ်ဘာနီ ပြုရန် ဝါဂျစ်ဗ် ဖြစ်ပါသလား?နှင့်ပတ်သက်၍ ရှီအဟ် အိုလမာ နှင့် စွန်နီ အိုလမာ ၏ အမြင် ကို တင်ပြမည် ဖြစ်ပါတယ်။ အင်န်ရှာအလ္လာဟ် အကျိုးရှိမည် ဟု မျှော်လင့် မိပါတယ်။


မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရှီအဟ် မရာဂျေအ် အေကေရာမ် ၏ အမြင် အရ ဟဂျ်ပြုနေသူမဟုတ် သူ သည် ငွေကြေး တတ်နိုင်သူ ဖြစ်နေလျင် လည်း အီးဒ်ဒိုလ် အဇ်ဟာ (ခ) ကုရ်ဘာနီ အီးဒ်  တွင် ကုရ်ဘာနီ ပြုရမည် မှာ ဝါဂျစ်ဗ် မဟုတ်ချေ။ သို့သော် ကုရ်ဘာနီ ပြုနိုင်သည့် အခြေ တွင် ကုရ်ဘာနီ ပြုရန် တိုက်တွန်းထားသည့် မွတ်စ်သဟဗ် ဖြစ်ပါတယ်။ ကုရ်ဘာနီပြုသင့်ပါတယ်။

စွန်နီ အိုလမာ ၏ အမြင် တွင် ကုရ်ဘာနီ ပြုခြင်းသည် စွန္နသ် မိုအကဒဟ် (တိုက်တွန်းထားသည့် စွန္နသ်တော်) ဖြစ်ပါတယ်။ အေမာမ်  ရှာဖေအီ ၊ အေမာမ် မာလစ် က် နှင့် အေမာမ် အဲဟ်မဒ် ဘင်န် ဟန်ဘလ် တို့ ၏  အမြင် တွင် ကုရ်ဘာနီ ပြုခြင်းသည် စွန္နသ် မိုအကဒဟ် (တိုက်တွန်းထားသည့် စွန္နသ်တော်) ဖြစ်ပါတယ်။ သို့သော် အေမာမ် အဘူဟနီဖွာ ၏ အမြင် အရ တတ်နိုင်သူ တိုင်း ကုရ်ဘာနီ ပြုရမည် မှာ ဝါဂျစ်ဗ် ဖြစ်ပါ တယ်။

.......................................................

END / 251